DVB Logo
Home
မြန်မာသတင်း
ငွေလဲကောင်တာ ဓားပြတိုက်သူနှစ်ဦး ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့
DVB
·
December 4, 2016
ငွေလဲကောင်တာ ဓားပြတိုက်သူနှစ်ဦး ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်း၊ တိုက်၁၄၊ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ ကောင်တာမှာ သေနတ်နဲ့ ဓားပြတိုက်ခဲ့တဲ့ လူငယ်ဦးရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့က MS Group Money Exchange ကောင်တာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြတိုက်သူတွေက ငွေလဲကောင်တာတွင်းကို မျက်နှာဖုံးစွပ်တွေနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ - သန်းဇော်ဆိုပြီး ဓားပြတိုက်သူ ၂ ဦးရဲ့ ပုံတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ရှိနေတဲ့ ပုံတွေဟာ တရားခံတွေ ဟုတ်မဟုတ် အတည်ပြုလို့ မရသေးကြောင်း၊ ဒါပေမယ့် မျက်မြင်သက်သေတွေလည်း ရှိနေတဲ့အတွက်ကြောင့် ဒီပုံတွေက ဖြစ်နိုင်ခြေများတယ်လို့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဓားပြနှစ်ဦးဟာ မြန်မာငွေကျပ်သိန်း (၁၅၀)၊ ကောင်တာအံဆွဲအတွင်းမှ  အမေရိကန်ဒေါ်လာ (၁၅၀၀၀) နဲ့ ငွေကျပ် ၄ သိန်းခန့်တန်ဖိုးရှိ ဖုန်းငွေဖြည့် ကတ်မျိုးစုံ၊ လက်ကိုင်ဖုန်း ၄ လုံးနဲ့ ခရီးဆောင်အိတ် ၁ လုံးတို့ကို ယူဆောင်သွားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ငွေလဲကောင်တာ ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို သတင်းထုတ်ပြန်ထားပါတယ်။

ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရှုရန်

Money Changer ငွေလဲလှယ်မည်ဟုပြောဆိုကာ ဆိုင်ရှိငွေများနှင့်  အမေရိကန်ဒေါ်လာများအား လုယက်ယူဆောင်မှုဖြစ်ပွားခဲ့သဖြင့်  လိုက်လံဖမ်းဆီးလျက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃

၃.၁၂.၂၀၁၆ ရက်နေ့ ၁၄၂၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်း၊ မြေညီထပ်ရှိ Money Changer ၌  လူငယ်အမျိုးသား ၂ ဦးဝင်ရောက်လာပြီး မြန်မာငွေကျပ် ၂ ဖိုးခန့် အမေရိကန် ဒေါ်လာနှင့်လဲလိုကြောင်းပြောဆိုပြီး ငွေနှင့် ပစ္စည်းများလုယက်ယူဆောင် သွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ၁၂၀၀ အချိန်ခန့်တွင် Money Changer ၌ ဆိုင် ၀န်ထမ်း ဦးမျိုးမြင့်နှင့် မအိတို့ရှိနေစဉ် အသက် ၃၀ နှစ်ခန့်ရှိ အသားညို၊  အရပ်ပု၊ ဆံပင်ပါး၊ ခပ်၀၀လူငယ်အမျိုးသားမှာ အင်္ကျီဂျာစီ အပြာရောင်နှင့်  ဂျင်းဘောင်းဘီ အနက်ရောင်ဝတ်ဆင်ထားပြီး အတူပါလာသူတစ်ဦးမှာ  အရပ်ရှည်၊ ခန္ဓာကိုယ်ပိန်၊ အသားဖြူ၊ ဆံပင်နက်တို၊ T-Shirt အဖြူရောင်နှင့်  ဂျင်းဘောင်းဘီအပြာရောင် ၀တ်ဆင်ထားကာ ၎င်းတို့ ၂ဦးမှာ တိုင်းရင်သား ဘာသာစကားပြောဆိုလျက် ဆိုင်အတွင်းသို့ ၀င်ရောက်လာကြောင်း၊  အသားညို၊ ခပ်၀၀လူငယ်အမျိုးသားမှ မြန်မာစကားသံဝဲ၀ဲဖြင့် ကျပ် ၂ သိန်းဖိုး ခန့် အမေရိကန်ဒေါ်လာနှင့်လဲယူလိုကြောင်းပြောဆိုသဖြင့် ဆိုင်ဝန်ထမ်း  ဦးမျိုးမြင့်မှ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၄၅ ကျပ်ဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၁၄၇ ဒေါ်လာရမည်ဟုပြောဆိုခဲ့ရာ ၎င်းလူငယ် အမျိုးသားမှ ကျောင်းလခသွင်းရန်မလောက်သဖြင့် ပိုက်ဆံထပ်မံသွားယူ မည်ဟုပြောဆို၍ ထွက်သွားခဲ့ကြောင်း၊ ၁၃၃၀ အချိန်ခန့်တွင် အဆိုပါ လူငယ်နှစ်ဦး ဆိုင်အတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး အသားညို၊  ခပ်၀၀လူငယ်မှ ဆိုင်ကောင်တာအနီးသို့ကပ်၍ အမေရိကန်ဒေါ်လာ  ၁၆၈ ဒေါ်လာလဲမည်ဟုပြောဆိုသဖြင့် ကောင်တာအံဆွဲအတွင်းမှဒေါ်လာ ငွေအားထုတ်ယူ၍ စားပွဲပေါ်သို့တင်စဉ် ၎င်းလူငယ်မှ အသင့်ယူဆောင်လာ သော လေးခွဖြင့်ပစ်မည်ပြုသဖြင့် ဆိုင်ဝန်ထမ်း ၂ ဦးမှာ နောက်ခန်းအတွင်း သို့ ပြေးဝင်သွားစဉ် အသံတစ်ချက်ကြား၍ ပြန်လှည့်ကြည့်ရာ အရပ်ရှည်၊  အသားဖြူလူငယ်မှ အနက်ရောင် ပစ္စတိုသေနတ်ကိုင်ထားပြီး ၀န်ထမ်း နှစ်ဦးအား ကြမ်းပြင်တွင်မှောက်ထားရန်ပြောဆိုကာ ကောင်တာစားပွဲပေါ် တွင်တင်ထားသော မြန်မာငွေကျပ်သိန်း(၁၅၀)၊ ကောင်တာအံဆွဲအတွင်းမှ  အမေရိကန်ဒေါ်လာ(၁၅၀၀၀)နှင့် ငွေကျပ်(၄)သိန်းခန့်တန်ဖိုးရှိ ဖုန်းငွေဖြည့် ကတ်မျိုးစုံ၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ခရီးဆောင်အိတ် ၁ လုံးတို့ကို ယူဆောင် ထွက်ပြေးသွားကြောင်းနှင့် အရပ်ရှည်၊ အသားဖြူ လူငယ်မှ ထွက်ပြေးစဉ် ပစ္စတိုသေနတ်ဖြင့် နောက်ပြန်လှည့်၍ ပစ်ခတ်သော်လည်း ကျည်ထွက်မှု  မရှိဘဲ ဆက်လက်ထွက်ပြေးသွားကြကြောင်း တိုင်တန်းချက်အရ စမ်းချောင်း မြို့မရဲစခန်း(ပ)၄၁၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇/၁၁၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။ အခင်းဖြစ်နေရာအားစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများ ပစ်ခတ်အသုံးပြု ခဲ့သည့် ပစ္စတိုသေနတ်၏ ခဲသီးအပိုင်းအစများအား အခင်းဖြစ်ရပ်တွင် တွေ့ရှိရ၍ ကျူးလွန်စဉ်ကအသုံးပြုခဲ့သောလက်နက်မှာ လေပစ္စတိုသေနတ် ဖြစ်ကြောင်း အတည်ပြုစစ်ဆေးတွေ့ရှိရပါသည်။ ပြစ်မှုကျူးလွန်သူ ၂ ဦးကို လည်း ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013