DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ ငွေလဲကောင်တာတခုတွင် သေနတ်ပစ်ဖောက် ဓားပြတိုက်မှုဖြစ်ပွား
DVB
·
December 3, 2016
ရန်ကုန်မြို့ ငွေလဲကောင်တာတခုတွင် သေနတ်ပစ်ဖောက် ဓားပြတိုက်မှုဖြစ်ပွား
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်း၊ တိုက်၁၄၊ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ ကောင်တာမှာ သေနတ်နဲ့ ဓားပြတိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။

MS Group Money Exchange ကောင်တာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြတိုက်သူတွေက ငွေလဲကောင်တာတွင်းကို မျက်နှာဖုံးစွပ်တွေနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ငွေလဲကောင်တာက ဒေါ်လာငွေတွေယူကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး သေနတ်နှစ်ချက် မိုးပေါ်ထောင်ဖောက်ခဲ့တယ်လို့ အနီးပတ်ဝန်းကျင်က ပြည်သူတွေကပြောပါတယ်။

အခုလိုမြို့လယ်ခေါင်ကြီး နေ့ခင်းနေ့လယ်ဓားပြတိုက်သွားတာဟာ တရားဥပဒေ စိုးမိုးရေးကို မထီမဲ့ပြင်ပြုသွားတာလို့ ပြည်သူတွေကတော့ဝေဖန်ပြောဆိုနေကြပါတယ်။

အရင်ကလည်း ကြည့်မြင်တိုင်မြို့နယ်မှာ အိမ်ပေါ်တက်ပြီး ဓားထောက်လုယက်ကာ ၄၅ သိန်းကျော်ယူဆောင်သွားတဲ့ အမှုနဲ့ပတ်သတ်ပြီးလည်း အခုချိန်ထိ တရားခံကို ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

ခုလို money changer တွေကနေ လုယက်မှုတွေဟာ ပထမအကြိမ် တော်ဝင်စင်တာဘေးနားက farmer money changer မှာလုယက်ခံခဲ့ရပြီး နောက်အခုတစ်ခါထပ်မံပြီး ငွေလဲကောင်တာ ဓားပြတိုက်ခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013