DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး နိုင်ငံတကာအသိုင်းဝိုင်းက မျှမျှတတ မြင်ဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
December 3, 2016
ရခိုင်အရေး နိုင်ငံတကာအသိုင်းဝိုင်းက မျှမျှတတ မြင်ဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပက်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ပြဿနာပိုကြီးထွားစေမယ့် ဝေဖန်ပြစ်တင်မှုတွေ တွန်းအားပေးနေမယ့်အစား မြန်မာနိုင်ငံရဲ့ လူမျိုးရေး အရှုပ်အရှင်းတွေကို နားလည်ပေးဖို့နဲ့  ရခိုင်ပြည်နယ်အရေးကို မျှမျှတတ မြင်ကြဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာ ၂ ရက်နေ့က Channel NewsAsia နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကိစ္စ ထိန်းချုပ်နိုင်အောင်လည်းဆောင်ရွက်နေပြီး နှစ်ဖက်အကြား ဆွပေးတာမျိုးမဟုတ်ဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ငြိမ်းချမ်းပြီး တည်ငြိမ်အောင်ထားရှိနိုင်ဖို့ နိုင်ငံတာကာ အသိုင်းအဝိုင်းက အကူအညီမယ်ဆိုရင် ကျေးဇူးတင်မိကြောင်း၊ သူတို့နှစ်ဦးနှစ်ဖက်ရဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ မျက်ကွယ်ပြုလို့မရကြောင်း၊ ရခိုင်ဘက်က စိုးရိမ်နေရသလို မွတ်စလင်ဘက်ကလဲ စိုးရိမ်မှုတွေရှိကြောင်း၊ လူဦးရေ နည်းပါးလာနေတဲ့ ကိစ္စဟာလည်း ရခိုင်တွေက စိုးရိမ်နေရကြောင်း၊ ဒါပေမယ့် အခြေအနေကို အားလုံးက အဆိုးဘက်ကို အာရုံစိုက်မယ်ဆိုရင်တော့ ဘာမှ အကျိုးရှိမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ရက်ထိ ၃ ရက်ကြာ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ခရီးစဉ်မှာ စင်ကာပူဝန်ကြီးချုပ်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စင်ကာပူရောက် မြန်မာ မိသားစုတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013