DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပဋိပက္ခ ဘင်္ဂလားဒေ့ရှ်တွင် ကန့်ကွက်ဆန္ဒပြ
DVB
·
December 3, 2016
ရခိုင်ပြည်နယ်ပဋိပက္ခ ဘင်္ဂလားဒေ့ရှ်တွင် ကန့်ကွက်ဆန္ဒပြ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ ရာနဲ့ချီတဲ့ မွတ်စလင်တွေ ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြို့တော် ဒက္ကားမြို့မှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေ အသတ်ခံရတာကို ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က ဆန္ဒပြနေကြတာပါ။

ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ် နိုင်ငံရေးအဖွဲ့အစည်း အဖွဲ့ဝင် အာမက် အဗ္ဗဒူ ကူးမားက “လူသတ်မှုတွေကို ချက်ချင်းမရပ်ဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ မြန်မာသံရုံး လုံးဝမရှိရ။ သူတို့ ဘာမှမလုပ်ပေးဘူးဆိုရင်တော့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျနော်တို့ မြန်မာနယ်စပ်ကိုသွားပြီး ကျနော်တို့ရဲ့ ညီအကို မွတ်စလင်တွေကို အကူအညီပေးဖို့ ချီတက်ကြမှာပါ။”

မြန်မာ အစိုးရအနေနဲ့တော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ရခိုင်အရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေလုပ်နေသလို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်နေပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂ ရက်နေ့မှာပဲ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး စစ်တွေလူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့တုန်းကလည်း ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ အခြေစိုက်တဲ့ မြန်မာသံရုံးတွေရှေ့မှာ မွတ်စလင်အဖွဲ့အစည်းတွေ စုရုံးပြီး ရခိုင်ပြည်နယ် ပဋိပက္ခအတွင်းက ဒုက္ခသည်တွေကို အကာကွယ်ပေးဖို့ မြန်မာအစိုးရကိုတောင်းဆို ဆန္ဒပြတာတွေလည်း ရှိခဲ့ပါတယ်။

အခုလို ဆန္ဒပြတာတွေများလာနေတာကြောင့်လည်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးဂရုပြု သွားလာနေထိုင်ကြဖို့ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013