
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးဂရုပြု သွားလာနေထိုင်ကြဖို့ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးက ဒီကနေ့ အသိပေးကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံရေးပါတီတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေ က ဦးဆောင်ပြီး မြန်မာသံရုံးသို့ လာရောက်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပြီး မကြာမီရက်တွေမှာ လည်း ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေမှာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေးအတွက် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးဂရုပြု သွားလာနေထိုင်ကြဖို့ မြန်မာသံရုံးက တိုက်တွန်း ထားပါတယ်။











