DVB Logo
Home
မြန်မာသတင်း
ဥက္ကံတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် တောဆင်ရိုင်း သတ်သူ ၄ ဦး ဖမ်းဆီး
DVB
·
December 2, 2016
ဥက္ကံတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် တောဆင်ရိုင်း သတ်သူ ၄ ဦး ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့ဘက် ချောင်းစောက်ကျေးရွာမှာ ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် တောဆင်ရိုင်း သတ်တဲ့အဖွဲ့ကို ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီက ဖမ်းဆီးမိခဲ့ပါတယ်။

ချောင်းစောက်ကျေးရွာ တောင်ဘက် ဥက္ကံချောင်းစပ်မှာ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်မှာ တောဆင်ရိုင်းတကောင် ဦးခေါင်းတခြား ကိုယ်တခြား သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းချက်အရ ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလင်း အပါအဝင် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့တာလို့ ဥကံ္ကနယ်မြေရဲစခန်းက ဒုရဲအုပ်လှိုင်ဝင်းထွန်းက ပြောပါတယ်။

ချောင်းစောက်ကျေးရွာအုပ်စုအတွင်းရှိ တောဆင်ရိုင်းသေဆုံးမှုနဲ့ပတ်သက်၍ ချောင်းစောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလင်း၊ မအူခုံကျေးရွာနေ ဖိုးလုံး၊ ဇော်လင်း၊ ကျောက်ပြင်သာကျေးရွာနေ ဇော်ခင်နဲ့ သန်းဇော်တို့ကို ဖမ်းဆီးထားပြီး တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသက်နိုင်ဦးက တရားလိုပြုကာ (ပ)၂၀၈/၂၀၁၆ တောရိုင်းတိရစ္ဆာန်နဲ့ အပင်များကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၃၇(က) နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။

တိုက်ကြီးမြို့နယ်မှာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းအကောင်ရေ ၉ ကောင် သေဆုံးပြီး သေဆုံးတဲ့ဆင်တွေရဲ့ အစွယ်၊ နှာမောင်း၊ ခွာ နဲ့ အရေပြားတို့ ယူဆောင်သွားတာတွေ ရှိခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဟာ တောဆင်ရိုင်း ဒုတိယအများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝအပင်တွေ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေတွေ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄) အရ ဆင်တွေကို လုံးဝကာကွယ်ထာတဲ့ တောရိုင်းတိရစ္ဆာန်စာရင်းမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

ဝန်ကြီးဌာနအနေနဲ့ တောဆင်ရိုင်းတွေ ဘေးမဲ့တောအဖြစ် စုစုပေါင်း ဧရိယာ ၉၂၀၅ ဒသမ ၀၄စတုရန်မိုင် ထားရှိကြောင်း၊ ဆင်တွေနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံ အခြေစိုက် INGO အဖွဲ့မှ မြန်မာသစ်လုပ်ငန်းတွေရှိ ဆင်အို၊ ဆင်နာတွေနဲ့ ဆင်ငယ်တွေ ပြုစု စောင့်ရှောက်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ပြုလုပ်ဖို့ MOU ထိုးရေးတို့အတွက် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013