DVB Logo
Home
မြန်မာသတင်း
စစ်​​တွေတွင် ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်အဖွဲ့ကို ဆန္ဒပြ
DVB
·
December 2, 2016
စစ်​​တွေတွင် ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်အဖွဲ့ကို ဆန္ဒပြ
Donate to DVB

ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ မနက်ပိုင်းက စစ်တွေမြို့ကိုရောက်ရှိခဲ့ပြီး စစ်တွေဒေသခံက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီဆန္ဒထုတ်မှုကို ရခိုင်အမျိုးသားပါတီစစ်တွေက အပါအဝင်စစ်တွေဒေသခံတွေ လေဆိပ်ကနေ စောင့်ဆိုင်းပြီးကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့ကို အလိုမရှိဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ၊

စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ (ANP)မှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်သန်းဝေက "ပထမအကြိမ်တုန်းက ကျနော်တို့ဆန္ဒထုတ်ဖော်ခဲ့ပါတယ်၊ အခုတကြိမ်ကလည်း ကျနော်တို့ ဆန္ဒထုတ်ဖော်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေအနေနဲ့ ဒီကော်မရှင်မလိုအပ်ဘူး။ နောက်တခါရခိုင်အမျိုးသားပါတီက ၅/၂၀၁၆ ကို ဒီကော်ရှင်သဘောမတူဘူးလို့ ထုတ်ပြန်ခဲ့တယ်။ နောက်တချက်က ရခိုင်ပြည်နယ်လွှတ်တော်ကလဲ ဒီကော်မရှင် အသိအမှတ်မပြုဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအပေါ် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းမှူးချုပ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တဦးအနေနဲ့ စဉ်းစားသုံးသပ်ချက်မရှိဘဲနဲ့ ဒေသခံလူထုရဲ့ ဆန္ဒကိုလျစ်လျူရှုပြီးတော့ အခုတကြိမ်လာဖို့ ဆုံးဖြတ်လိုက်တာက စိတ်ပျက်ဖို့ကောင်းပါတယ်။"

ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့ကို စစ်တွေ လူမှုအဖွဲ့ ၇၀ ကျော်က မတွေ့ဖို့ဆုံးဖြတ်ထားကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့အမည်ကို သမိုင်းအထောက်အထားရ မရှိတဲ့နာမည် သတင်းစာရှင်းလင်းမှု သူကိုယ်တိုင်သုံးစွဲခဲ့တာ ရခိုင်ပြည်နယ်အတွက် မျှတမှုမရှိတာကြောင့် မတွေ့ဘူးလို့ ဆုံးဖြတ်ခဲ့ ကြတာလို့ စစ်တွေလူမှုအဖွဲ့ရဲ့ ဦးဆောင်နာယက ဦးသန်းထွန်း ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးပါနဲ့လို့ အကြိမ်ကြိမ် ပြောထား ရက်သားနဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင်ပဲ အဲဒီစကားလုံး သုံးနှုန်းထားပါတယ်။ အဲဒီအတွက်ကြောင့် ဒီလိုသမိုင်းမှာမရှိတဲ့ အမည်ကို ဒီကော်မရှင်အနေနဲ့ ရခိုင်ပြည်အတွက် မျှတမူလုံးဝမရှိနိုင်ဘူးလိုယူဆပါတယ်။ အဲဒါကြောင့် စစ်တွေလူမှုအဖွဲ့အစည်း ၇၀ ကျော်မတွေ့ဖို့ ဆုံးဖြတ်လိုက်တာပါ။"

ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ ဒီကနေ့ နေ့လယ်ပိုင်း မှာ စစ်တွေ လူမှုအဖွဲအချို့နဲ့ တွေ့ဆုံးမှာဖြစ်ပြီးတော့ မနက်ဖြန် မောင်တော၊ မြေပုံ၊ မြောက်ဦး မြို့နယ်တွေလည်း သွားရောက်မည်ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013