DVB Logo
Home
မြန်မာသတင်း
မောင်တောအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး မသင်္ကာသူ ၅၂၈ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိ
DVB
·
December 2, 2016
မောင်တောအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး မသင်္ကာသူ ၅၂၈ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နိုင်တဲ့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးရာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဖမ်းဆီးစစ်ဆေးတဲ့ မသင်္ကာသူ ၅၂၈ ဦးရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက  ထုတ်ပြန်ထားတဲ့  စာရင်းဇယားအရ သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်စဉ် အပါအဝင် နောက်ဆက်တွဲ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်နိုင်တဲ့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးနေတာပါ။

ဒီဖမ်းဆီးစစ်ဆေးခဲ့သူ ၅၂၈ ဦးထဲက တရားရုံးပြီးပြတ်လို့ ပြစ်ဒဏ်ချပြီးသူ ၄၈ ဦး၊ ပြန်လည်စေလွှတ်သူ ၉ ဦး၊ တရားရုံးအာမခံ ၁ ဦး၊ သေဆုံးသူ ၄ ဦးတို့ဖြစ်ပြီး စစ်ဆေးဆဲ ၄၆၆ ဦး ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နဲ့  မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်စဉ် အကြမ်းဖက်သမားများက ချုံခိုတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ အင်အားသုံး အကြမ်းဖက်ခြင်း၊ ဗုံးထောင်ခြင်းများ ပြုလုပ်ခဲ့တာကြောင့် ဖြစ်စဉ်တွေမှာ  ပါဝင်ပတ်သက်နိုင်တဲ့ မသင်္ကာသူတွေကို ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ စစ်ဆေး ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013