DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်လာမည့် ကိုဖီအာနန်ကို စစ်တွေလူမှုအဖွဲ့အစည်းများ မတွေ့
DVB
·
December 1, 2016
ရခိုင်ပြည်နယ်လာမည့် ကိုဖီအာနန်ကို စစ်တွေလူမှုအဖွဲ့အစည်းများ မတွေ့
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်ဟာ  မနက်ဖြန် သောကြာနေ့မှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့အတူ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာဖို့ ရှိပါတယ်။

ကိုဖီအာနန်ဟာ မနေ့တုန်းက ရန်ကုန်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ခရီးစဉ်အကြောင်း ဆွေးနွေးခဲ့တာရှိသလို ကုလသမဂ္ဂအဖွဲ့ဝင် တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်နဲ့ မွတ်စလင်အသိုင်းဝိုင်းနှစ်ခုစလုံးက ကိုယ်စား လှယ်တွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

မနက်ဖြန် ရန်ကုန်က ရခိုင်ပြည်နယ်ကို ၂ ရက်ကြာသွားရောက်မှာဖြစ်ပြီး ကော်မရှင်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ အရပ်ဖက်အဖွဲ့စည်းတွေနဲ့တွေ့ဆုံဖို့ရှိ အစီအစဉ်ရှိနေပါတယ်။

ဒါပေမယ့် စစ်တွေမြို့က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတော့ သူတို့မကြိုက်တဲ့ စကားလုံးကို ကိုဖီအာနန်က သုံးနှုန်းတဲ့အတွက် တွေ့ဆုံမှာမဟုတ်သလို သူတို့အဖွဲ့ကို တွေ့ဆုံဖို့ ဖိတ်ကြားထားတာ မရှိဘူးလို့လည်း စစ်တွေခရိုင်လူမှုအဖွဲ့စည်း ကော်မတီဝင် ဦးခိုင်ကောင်းစံက ပြောပါတယ်။

“ကိုဖီအာနန်အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေက တွေ့ရင်လည်း ဘာမှမထူးဘူး တကြောင်းက။ သူကအကြံပေးသာဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်အရေးဟာ ရခိုင်မှာရှိတဲ့ ပြည်သူတွေနဲ့ အစိုးရတွေပေါ့၊ ရခိုင်ပြည်နယ်အရေးကို လုပ်ဆောင်တဲ့နေရာမှာတော့ သူတို့ရဲ့အားကဘာမှ မျှော်လင့်သလိုဖြစ်မှာမဟုတ်ဘူး။ နောက်တခုက သူတို့ကိုတွေ့လို့ရှိရင်လည်း တခြားသော လူမှုအဖွဲ့၊ ပြီးခဲ့တဲ့ ၂၀၁၀ နိုင်ငံတော်သမ္မတကြီးကိုယ်နှိုက် က ဒီရိုဟင်ဂျာဆိုတာ မသုံးဖို့၊ ဒို့မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ပြောထားခဲ့တာရှိတယ်။ ဒါပေမယ့် သူတို့လာရင်လည်း အဲဒီအသုံးအနှုန်းတွေပဲ ပြောကြတယ်။ သူတို့ကိုယ်စားလှယ်တွေနဲ့ ပါလာတဲ့လူတွေက အဲဒါကြောင့်ကျနော်တို့က မတွေ့တာပေါ့လေ။ ”

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) တည်ထောင်သူ ဦးအေးလွင်ကတော့ သူတို့နဲ့တွေ့ချင်တဲ့သူတွေကို တွေ့ပြီး သူတို့ပြောတာကို နားထောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ အမြဲနားထောင်ဖို့ အဆင်သင့်ပါပဲ။ တွေ့ချင်တဲ့သူတွေကိုနားထောင်မှာပါ။ အမြဲတမ်းလည်း တံခါးဖွင့်နားထောင်မှာပါ။ တွေ့ချင်တဲ့လူတွေအများကြီးရှိပါတယ်။ တွေ့လည်း တွေ့ကြမှာပါ။ ”

နှစ်ဖက်အသိုင်းအ၀ိုင်းတွေရဲ့ ပြောဆိုမှုတွေကို နားထောင်မှာဖြစ်ပြီး သံသယလေးတွေ ပျောက်သွားအောင် များများတွေ့ပေးရင် အကောင်းဆုံးဖြစ်တယ်လို့လည်း ဦးအေးလွင်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဦးဆောင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အဖွဲ့ဝင် ၉ ဦးနဲ့ မြန်မာအစိုးရက သြဂုတ်လ ကုန်ပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး  ရခိုင်တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတချို့နဲ့ အဖွဲ့အစည်း အချို့က ဒီကော်မရှင်ကို  ကန့်ကွက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013