DVB Logo
Home
မြန်မာသတင်း
နေ့စဉ် လက်ဖက်ရည်တခွက် လျှော့သောက်ကြရန် ဒေါက်တာအောင်သူ ပြော
DVB
·
December 1, 2016
နေ့စဉ် လက်ဖက်ရည်တခွက် လျှော့သောက်ကြရန် ဒေါက်တာအောင်သူ ပြော
Donate to DVB

နိုင်ငံတော်ကရတဲ့ ဘတ်ဂျတ်ဟာ လုံလောက်မှုမရှိတဲ့အတွက် ဘတ်ဂျတ်မချပေးနိုင်တဲ့ နေရာတွေကို ကူညီနိုင်ဖို့ နေ့စဉ်နေ့တိုင်း လက်ဖက်ရည်တခွက် လျှော့သောက်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

တနေ့ လက်ဖက်ရည်တခွက် လျှော့သောက်ပြီး ထည့်ဝင်ခြင်းဖြင့် မျှဝေလုပ်ဆောင်မှာ ဖြစ်တဲ့အတွက် မျှဝေခြင်းအစီအစဉ်လို့ အမည်ပေးထားပြီး မကြာမီကာလအတွင်း သူ့ရဲ့ဝန်ကြီးဌာနကနေ စတင်အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်၊ မောက်မယ် မဲဆန္ဒနယ်က ဦးစိုင်းငေါင်းဆိုင်ဟိန်း မေးမြန်းတဲ့ စဥ့်ဝင်ကျေးရွာအုပ်စု၊ နမ့်ယွန်းချောင်းကူး သစ်သားတံတားကြီး ပြန်လည်ပြုပြင် ကူညီဆောင်ရွက်နိုင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ အခုလို ပြောဆိုလိုက်တာပါ။

ဒေါက်တာအောင်သူဟာ သချာင်္ပါမောက္ခတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ အထိ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါက်တာအောင်သူဟာ ပြီးခဲ့တဲ့ ၂၁၀၅ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမှတ်-၆ မဲဆန္ဒနယ်ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013