DVB Logo
Home
မြန်မာသတင်း
ရာဘာဈေးမြင့်တက်ပေမယ့် အစေးခြစ်လုပ်သားရှားပါးမှုနှင့် ဆက်လက်ကြုံတွေ့
DVB
·
December 1, 2016
ရာဘာဈေးမြင့်တက်ပေမယ့် အစေးခြစ်လုပ်သားရှားပါးမှုနှင့် ဆက်လက်ကြုံတွေ့
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရာဘာဈေးနှုန်း ပြည်တွင်းဈေးကွက်အတွင်း မြင့်တက် လာနေပေမယ့် ဒေသခံခြံရှင်အများစုမှာ အစေးခြစ်အလုပ်သမားရှားပါးမှုတွေနဲ့ ကြုံတွေ့နေရရပါတယ်။

“ရာဘာဈေးမကောင်းခင်ကလည်း ခြံငယ်တွေက ကိုယ်တိုင်အစေးခြစ်ယူရပါတယ်။ အလုပ်သမားအများဆုံးနဲ့ ခြစ်ယူနေတဲ့ခြံ တွေမှာလည်း အလုပ်သမားရှားပါးမှုနဲ့ ကြုံ တွေ့ရပါတယ်။ ခြံငယ်တွေက ယာယီရပ်ဆိုင်းတဲ့အပြင် လက်ရှိအခြေနေမှာလည်း ခြံငယ်နဲ့ခြံကြီးတွေပါ အလုပ်သမားရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်” လို့ ခြံရှင်ဖြစ်သူ ဦးသိန်းဦးက ပြောပါတယ်။

ရေး ဒေသပေါက်ဈေးမှာ ရာဘာရာသီအဖွင့် ဈေး R3 ၁ ပေါင်လျှင် ၆၀၀ ကျပ်ကနေ ကျပ် ၈၅၀ အထိတက်လာကာ ရာဘာဈေးနှုန်းက နောက်ဆုံး ဒီနေ့ပေါက်ဈေးက ကျပ် ၃၀ လောက်ပြန် ကျလာနေပြီး ကုန်ကြမ်းတွေမှာလည်း ယခင် နှစ်တွေထက် လျှော့နည်းလာနေတယ်လို့ ရာဘာအဝယ်ဒိုင်တွေက ပြောပါတယ်။

အဓိကတော့ ပြည်တွင်းကနေ ပြည်ပဝယ်လိုအားက မြင့်တက်လာတာရယ်၊ ကုန်ကြမ်း လိုအပ်ချက်တွေအရဖြစ်တာရယ်၊ မြန်မာ့ငွေ တန်ဖိုးကျဆင်းလာတာရယ်၊ ကမ္ဘာ့ရာဘာ ထုတ်လုပ်မှုလည်း ကျဆင်းတာနဲ့ ရာသီဥတု မမှန်မကန်တာကြောင့်လည်း ရာဘာဈေး ကွက်အတွင်း ဈေးကပြန်လည်ဦးမော့လာဖို့ မျှော်လင့်နေကြကြောင်း ရာဘာလုပ်ငန်း စီးပွားလုပ်ငန်းရှင်အများစုက သုံးသပ်နေကြပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013