DVB Logo
Home
မြန်မာသတင်း
သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်
DVB
·
December 1, 2016
သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်
Donate to DVB

သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့သူကို မြောင်းမြခရိုင်တရားရုံးက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

ဝါးခယ်မမြို့နယ်၊ တုံလှဲချောင်းကျေးရွာက ဦးကံငွေ ဆိုသူဟာ အသက် ၁၉ နှစ်အရွယ် သူ့ရဲ့သမီးအရင်းဖြစ်သူကို လွန်ခဲ့တဲ့ ၆ လလောက်က လှေပေါ်မှာ သားမယားအဖြစ် ပြုကျင့်ခဲ့ကာ တခြားသူတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး နောက်ရက်တွေမှာလည်း အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ကိုယ်ဝန်ရှိလာတဲ့အခါမှ အစ်မဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့က သိရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် ရဲစခန်းကို တိုင်ကြားခဲ့တာပါ။

တရားရုံးရဲ့ စစ်ဆေးချက်အရ အလိုမတူဘဲ အဓမ္မပြုကျင့်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြားမှာ နေထိုင်နေကြတဲ့ မိန်းကလေးတွေရဲ့ဘဝ လုံခြုံရေးအတွက်အပြင် ဖခင်နဲ့ သားသမီးကြားမှာ နောက်နောင် အခုလိုအမှုမျိုး မဖြစ်ပွားစေဖို့နဲ့ သာဓကအနေနဲ့ ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ဖြစ်စေဖို့ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တာလို့ မြောင်းမြခရိုင် တရားရုံးက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013