DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဆောင်သွားရောက်သည့် ဖမ်းဆီးခံရွာသားများကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
December 1, 2016
မင်္ဂလာဆောင်သွားရောက်သည့် ဖမ်းဆီးခံရွာသားများကို ပြန်လွှတ်ပေးရန် တောင်းဆို
1 / 3
Donate to DVB

ရှမ်းပြည်နယ် မုံးကိုးမြို့နယ်အတွင်း မင်္ဂလာဆောင်အခမ်းအနားတခုကို လာရောက်ကြတဲ့ ရွာသား ၅၀ ခန့်ကို ဖမ်းဆီးထားရာကနေ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်က ရှမ်းမြောက်ဒေသ မုံးကိုးမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်  ဖောင်ဂျွန်းပါကျေးရွာ မင်္ဂလာဆောင်တခုကိုလာတဲ့ ဒေသခံ အရပ်သား ၇၀ ကို တပ်မတော်က ဖမ်းဆီးသွားခဲ့တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တရုတ်နိုင်ငံသား ၂၁ ဦးကိုတော့ နိုဝင်ဘာ ၂၁ ရက်မှာ တပ်မတော်က ပြန်လွှတ်ပေးခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်မှာ ဒေသခံ ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ၅၀ ခန့်ကို ခုချိန်ထိ ဖမ်းထားတယ်လို့ ဖော်ပြပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဦးယိန်းယော်က တပ်မတော်ဗျူဟာကုန်းကို လာမတိုက်အောင် ဖမ်းထားတဲ့ ဒေသခံတွေကို တပ်မတော်က ဓားစာခံလုပ်ထားတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ် စစ်တပ်က သူတို့ကို ဓားစာခံပုံစံမျိုး လုပ်ထားတာပေါ့။ အဲ့ဒီ ဗျူဟာကုန်းကို လာမတိုက်အောင်၊ အဲ့ဒီပုံစံ လုပ်ထားတာပေါ့။ တရုတ်ပြည်က သတို့သမီး လာပို့တဲ့ တရုတ်တွေကိုပဲ လွှတ်ပေးတယ်၊ တပ်မတော်ရဲ့ မုံးကိုးဗျူဟာဝင်းထဲမှာ ဖမ်းထားတာ။”

အဖမ်းခံထားရတဲ့သူတွေထဲမှာ ကချင်၊ လီဆူး စတဲ့ တိုင်းရင်းသားတွေနဲ့ ကချင်ပြည်ဖွား တရုတ်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ရွာသားတွေရဲ့ အသက်နဲ့ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ပေးဖို့လည်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က တောင်းဆိုထားပါတယ်။

kachin-peace-network-announcement01 kachin-peace-network-announcement02

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013