DVB Logo
Home
မြန်မာသတင်း
ဧက ၅၀ ပိုင် လယ်သမားများကို ကျပ်သန်း ၅၀ ထိ ထုတ်ချေးမည်
DVB
·
November 30, 2016
ဧက ၅၀ ပိုင် လယ်သမားများကို ကျပ်သန်း ၅၀ ထိ ထုတ်ချေးမည်
Donate to DVB

တောင်သူလယ်သမားတဦးချင်း ချေးငွေအဖြစ် လယ်ဧက ၅၀ ပိုင်တဲ့ လယ်သမားကို ကျပ်သန်း ၅၀ အထိ ထုတ်ချေးမယ်လို့ စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

ဂျပန်ချေးငွေနဲ့ လုပ်ဆောင်မယ့် စိုက်ပျိုးရေးစီမံကိန်းအတွင်း ကျပ်သန်း ၅၀ အထိ ထုတ်ချေးဖို့ စီစဉ်တာ ဖြစ်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ဂျပန်ချေးငွေနဲ့ လုပ်ဆောင်မယ့် စိုက်ပျိုးရေးဌာနရဲ့ စီမံကိန်းတွေအကြောင်း ရှင်းလင်း တင်ပြရာမှာ ပြည်ထောင်စုဝန်ကြီး ပြောခဲ့တာ ဖြစ်ပါတယ်။

“စီမံကိန်းမှာ ပါဝင်တဲ့ ချေးငွေလုပ်ငန်းများနဲ့ ချေးငွေကာလများကို တင်ပြမှာ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်တဲ့ တောင်သူလယ်သမားတဦးချင်းနဲ့ လယ်ယာကုန်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းများသို့ ချေးငွေ ထုတ်ချေးပေးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ဖော်ပြလိုတာကတော့ တောင်သူလယ်သမားတဦးချင်းအတွက် ချေးငွေပဲ ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ လယ်သမားတဦးချင်းအနေနဲ့ အများဆုံး ဧက ၅၀ အထိ ပိုင်ဆိုင်တဲ့ လယ်သမားများကို ချေးငွေအများဆုံး ကျပ် သန်း ၅၀ အထိ ထုတ်ချေးပေးဖို့ရာ စီစဉ် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်၊”

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဂျိုက်ကာ ချေးငွေ ဂျပန်ယန်း ၉၃ဒသမ ၉၇ ကျော်ကို ခွဲဝေ သုံးစွဲကြမယ့် ၀န်ကြီးဌာနတွေက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အဲ့ဒီချေးငွေတွေနဲ့ ဘာလုပ်မယ်ဆိုတာ လာရှင်းပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ စိုက်ပျိုးရေးပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးဌာနအနေနဲ့  ချေးငွေ ယန်း ၁၀၀၀၀ ကျော် ရရှိမှာဖြစ်ပြီး ဒီချေးငွေနဲ့  တောင်သူတဦးချင်းချေးငွေအတွက် စီစဉ်လုပ်ဆောင်ထားတာကို ရှင်းပြခဲ့တာလည်း ဖြစ်ပါတယ်။

စိုက်ပျိုးရေးဝန်ကြီးဌာနက ဂျပန်ချေးငွေနဲ့ လုပ်ဆောင်မယ့် စီမံကိန်းကာလဟာ ၂၀၁၇ ခုနှစ် ဇွန်လမှာ စတင်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

လတ်တလော ၂၀၁၆ ခုနှစ် မိုးစပါးရာသီကစလို့ အစိုးရစိုက်ပျိုးရေးဘဏ်တွေက လယ်တဧက ကျပ် ၁ သိန်းခွဲနဲ့ စိုက်ပျိုးစရိတ်ထုတ်ချေးနေပြီး ၁၀ ဧကအထိပဲ အကန့်အသတ်နဲ့ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013