DVB Logo
Home
မြန်မာသတင်း
ပေါက်တောတွင် ၈ နှစ်ရွယ် ယောက်ျားလေးတဦးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
DVB
·
November 30, 2016
ပေါက်တောတွင် ၈ နှစ်ရွယ် ယောက်ျားလေးတဦးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး
Donate to DVB

အသက် ၈ နှစ်အရွယ် လိင်တူယောက်ျားလေးတဦးကို မုဒိမ်းပြုကျင့်ပြီး အခြားအသက် ၈ နှစ်အရွယ် မိန်းလေးငယ် တဦးကိုပါ မဖွယ်မရာပြုလုပ်ခဲ့တယ်လို့ သံသယရှိသူ အသက် ၅၆ အရွယ် လူတဦးကို ပေါက်တောမြို့မရဲ့စခန်းက ဖမ်းဆီးလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်း၊ င/ရဗချိုင်ကျေးရွာမှာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီ လောက်အချိန် ဘုန်းကြီးကျောင်းမှာ အိပ်နေတဲ့ ၈ နှစ်အရွယ် ယောကျာ်းလေးတဦးကို မုဒိမ်းပြုကျင့်ပြီး ၈ နှစ်ရွယ် မိန်းကလေးတဦးကို စာသင်ကျောင်းမှာ မဖွယ်မရာပြုလုပ်ခဲ့တယ်လို့ ပေါက်တောရဲစခန်းမှ ရဲအုပ်ဦးသန်းဋ္ဌေးက ဒီဗွီဘီကိုပြောပါတယ်။

“၂၇ ရက်နေ့ ၃ နာရီအချိန်လောက်မှာ စိတ်မနှံ့တဲ့ ကိုရင်ကြီးတပါးက အဲဒီကျောင်းမှာလာတည်းတယ်။ အဲဒီအချိန်မှာ ကျောင်းထိုင်ဘုန်းကြီးကလည်းမရှိဘူး။ ဘုန်းကြီးကျောင်းနားမှာ စာသင်ကျောင်းရှိတယ်ပေါ့လေ။ ကိုက် ၁၀၀ လောက်ပဲဝေးမှာပေါ့။ အဲဒီစာသင်ကျောင်းက ကျောင်းသားလေးငါးယောက်ကို အဲဒီကိုရင်ကြီးက ခေါ်တယ်။ သကြားလုံးတွေပါ ကျွေးတယ်။ ပြီးတော့ ကောင်လေးတွေကို သွားတော့ပြောလိုက်တယ်။ ကောင်မလေးကိုခေါ်ထားလိုက်တယ်။ နှိပ်ဖို့ ဘာဖို့ခိုင်းတယ်။ အဲလိုနှိပ်နေတဲ့အချိန်မှာ သူ့ရဲ့---တွေ လှန်ပြတယ်။ နောက်ပြီးတော့ ကလေးမရဲ့ --- တွေကို ပွတ်သပ်တယ်။ အကုန်ပေါ့လေ။”

အဲဒီလို မဖွယ်မရာပြုလုပ်တဲ့အချိန် မိန်းကလေးရဲ့အော်ဟစ်သံကြောင့် အနားမှာရှိတဲ့ ကျောင်းသားတွေရောက်ရှိ လာပြီး မိန်းကလေးကို ခေါ်သွားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဲဒီညမှာပဲ ကျောင်းမှာ အိပ်နေတဲ့ ၈ နှစ်အရွယ် ကျောင်းသားတဦးကို မုဒိမ်းပြုကျင့်လိုက်တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

“အဲဒီညမှာပဲ ဘုန်းကြီးကျောင်းမှာ အိပ်နေတဲ့ ကျောင်းသားတယောက်ကို ည ၁၁ နာရီလောက်မှာ သူက မုဒိမ်းကျင့်လိုက်တယ်။ မနက်မိုးလင်းတော့ မုဒိမ်းကျင့်ခံရတဲ့ ကောင်လေးက မိဘတွေကို အကြောင်းစုံပြောပြတယ်။ အဲဒီမှာရွာနားက ဆရာတော်တွေကို အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွာကလူကြီးတွေက တိုင်တယ်။ အဲဒီမှာ ရွာအနားက ဆရာတော်တွေလာပြီးတော့ သူ့ကိုမေးတယ်။ မုဒိမ်း ပြုကျင့်တာဟုတ်လားဆိုပြီးမေးတော့ သူက ဟုတ်တယ် ကျူးလွန်တယ်။ လုပ်တယ်လို့ဖြေတယ်။ အဲဒီမှာ စိတ်မနှံ့တဲ့ ကိုရင်ကြီးကို လူဝတ်လဲပြီးတော့ ပေါက်တော ရဲစခန်းကို ဒီကနေ့လာအပ်တာပါ။”

နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်လောက်က ပေါက်တောရဲစခန်းကို တရားခံလာအပ်တဲ့အချိန်မှာ ပေါက်တောမြို့ခံတွေက “မုဒိမ်းကောင်“ လို့ အော်ဟစ်ပြီး လူ ၃၀၀ လောက်က သတ်ဖို့လာကြလို့ ပေါက်တောမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ထိန်းထိန်းသိမ်းသိမ်းနဲ့တောင်းပန်ပြီး တရားခံကို ဆွဲထုတ်လာခဲ့ရတယ်လို့ ရဲအုပ်ဦးသန်းဋ္ဌေးက ဆက်လက်ပြောပါတယ်။

တရားခံဖြစ်သူ ဦးခင်ညွန့် အသက် ၅၆ နှစ်ဟာ စစ်တွေမြို့၊ခ အနောက်စံပြရပ်ကွက်မှဖြစ်ပြီး၊ ပေါက်တောရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၇/၃၅၄/၂၉၅ တို့နဲ့ အဖွင့်အရေးယူ ထားတယ်လို့ တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေကလည်း ပေါက်တောမြို့နယ်မှာ အသက် ၅ နှစ်နဲ့ ၈ နှစ်ရွယ် ကလေးမနှစ်ဦး အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013