DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး ရထားလမ်းတွင် အမျိုးသားတဦး ရထားကြိတ်ခံရပြီး သေဆုံး
DVB
·
November 30, 2016
ရန်ကုန်-မန္တလေး ရထားလမ်းတွင် အမျိုးသားတဦး ရထားကြိတ်ခံရပြီး သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာ ဘူတာအနီး ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင်အမှတ်၃၂၅/၁နှင့်၃၂၅/၂အကြားမှာ အသက် ၅၂ နှစ်အရွယ် အမျိုးသားတဦး နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၆ နာရီလောက်က ရထားကြိတ်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဦးကျော်နိုင်ဟာ ခင်ကြီးကျေးရွာမှာ နေထိုင်ပြီး အရက်သောက်တတ်သူ တယောက်ဖြစ်သလို အရက်မူးလာရင် ကြုံရာမှာ အိပ်တတ်သူတဦး ဖြစ်တယ်လို့ တရွာတည်းနေသူ ဒေသခံက ပြောပါတယ်။

ဝမ်းတွင်းမြို့မ ရဲစခန်းက ဒုရဲအုပ် သိန်းဇော်သန်းကလည်း သေဆုံးသွားသူဟာ မီးရထာားသံလမ်းပေါ် ခေါင်းတင်ပြီး အိပ်ပျော်သွား ဖြစ်နိုင်ပြီး မီးရထားလာတာကို မသိလို့ အကြိတ်ခံရပြီး သေဆုံးတာလို့ ယူဆကြောင်း ပြောပါတယ်။

အခု ဖြစ်ရပ်အတွက် ၀မ်းတွင်းရဲစခန်းမှာ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေး နေပါတယ်။

မောင်မောင်လင်း(၀မ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013