DVB Logo
Home
Lead Story
ပါတီ ၁၃ ခုက ကာလုံခေါ်ရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဦးဝင်းထိန်၏ ပြောစကား (ရုပ်သံ)
DVB
·
November 29, 2016
ပါတီ ၁၃ ခုက ကာလုံခေါ်ရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဦးဝင်းထိန်၏ ပြောစကား (ရုပ်သံ)
Donate to DVB

ပါတီ ၁၃ ခုက ကာလုံခေါ်ဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဝင်းထိန်က ကာလုံခေါ်တာ အစိုးရအလုပ်ဖြစ်ကြောင်း ဒီနေ့ ပြောဆိုလိုက်ပါတယ်။

“တိုင်းပြည်က ဒုက္ခရောက်စရာမှ မဟုတ်တာ။ သူတို့ဘာသူ ဒုက္ခရောက်စေချင်နေတာ။ ပြီးတော့ ဦးခင်မောင်ဆွေတို့ ဦးသိန်းညွန့်တို့ဆိုတာ နိုင်ငံရေးအရ ဘာမှ ပြည်သူလူထုကို ကိုယ်စားပြုတာ မဟုတ်ဘူး။ ကာလုံခေါ်တာ သူတို့အလုပ်မဟုတ်ဘူး။ ဒါအစိုးရအလုပ်။ သမ္မတအလုပ်၊ နိုင်ငံတော်အတိုင်ပင်ခံအလုပ်၊ မခေါ်တော့ ဘာဖြစ်လည်း။ လူမိုက်စကားပြောတော့ မကောင်းဘူး။ အကျပ်အတည်းက သူတို့အကျပ်အတည်း။ သူတို့ဘာမှ လုပ်လို့မရဘူး၊ နိုင်ငံရေးမှာ ဘာမှ လုပ်လို့မရဘူး။ ဘာမှ လုပ်လို့ မရတော့ အဲအကျပ်အတည်းကို ခွင်ဆင်တာ။”

အစိုးရ လတ်တလောရင်ဆိုင်နေရတဲ့ စီးပွားရေးကျပ်တည်းတာ၊ ရာဇ၀တ်မှုတွေ များလာတာ၊ ပေါက်ကွဲမှုတွေဖြစ်တာနဲ့ စစ်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိခိုက်လာတဲ့အပေါ် ပါတီတွေက ဝေဖန် ပြစ်တင်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် အဖွဲ့တွေရဲ့လုပ်ရဖြစ်တယ်ဆိုတာကို အစိုးရက ကြေညာဖို့ကိုလည်း ပါတီ ၁၃ ပါတီက တိုက်တွန်းထားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ရက်စွဲနဲ့ ကာလုံခေါ်ဖို့ ကြေညာချက်ထုတ် တောင်းဆိုတဲ့ နိုင်ငံရေးပါတီ ၁၃ ခုထဲမှာ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် စတဲ့ ၁၃ ပါတီ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013