DVB Logo
Home
မြန်မာသတင်း
ယူအန်အက်စီညီလာခံကို လာမည့်ဒီဇင်ဘာလလယ် ကျင်းပမည်
DVB
·
November 29, 2016
ယူအန်အက်စီညီလာခံကို လာမည့်ဒီဇင်ဘာလလယ် ကျင်းပမည်
Donate to DVB

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအန်အက်ဖ်စီရဲ့ညီလာခံကို လာမယ့် ဒီဇင်ဘာလယ်မှာ ကျင်းပသွားမယ်လို့ အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာလ ၂၈ ရက် နဲ့ ၂၉ ရက်နေ့ ကျင်းပပြုလုပ်တဲ့ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ တိုးချဲ့အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

“ဒီအစည်းအဝေးက ညီလာခံအတွက် ပြင်ဆင်တဲ့အစည်းအဝေးပေါ့။ ညီလာခံကို ဒီဇင်ဘာလ ထဲမှာလုပ်မယ်။ အန်ကယ်တို့က ၂ နှစ်တကြိမ် သတ်မှန်ထားတယ်လေ။ အမှန်ကတော့ သြဂုတ်လမှာ ၂ နှစ်ပြည့်တယ်။ အလုပ်က နည်းနည်းများနေတော့ ဆွေးနွေးတဲ့ကိစ္စတွေပေါ့နော်။ အလုပ်က များလာတော့ ဒီဇင်ဘာကို ရွှေ့ရတယ်။ ညီလာခံမှာ အစီရင်ခံစာတွေတင်ရမယ်။ လုပ်ငန်းပေါင်းစုံပေါ့နော်။ အဲဒီမှာတင်ပြနိုင်ဖို့အတွက် အခု ဗဟိုအလုပ်အမှုဆောင်က တိုးချဲ့ အစည်းအဝေးလုပ်တာပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၄ ခုညီလာခံတုန်းက ကရင်မျိုးသားအစည်းအရုံး ကေအန်ယူက ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး လာမယ့်ညီလာခံမှာပါဝင်လာဖို့ အမြဲတမ်း ကြိုဆိုကြောင်း လည်း နိုင်ဟံသာက ပြောပါတယ်။
ဒါ့အပြင် ၂ ရက်တာပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ တိုးချဲ့အစည်းအဝေးမှာ လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်း အတိုက်အလျောက် ဆွေးနွေးမှုတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“မြောက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲကိစ္စကိုလည်း ဆွေးနွေးပါတယ်။ အဲဒီကိစ္စကိုလည်း တဖက်က ဘယ်လိုကိုင်တွယ်ရမလဲ၊ ဘယ်လိုသဘောထားမလဲ စသည်ဖြင့်ပေါ့နော်။ အဲလိုတော့ရှိပါတယ်။ အခု ကချင်တို့၊ ပလောင်တို့၊ အေအေတို့၊ ကိုးကန့်တို့ ပူးပေါင်းပြီးတော့ ပြန်တိုက်တယ်ဆိုတဲ့ ဟာက အမှန်ကတော့ ထိုးစစ်ကို ပုံစံအသစ်တခုအနေနဲ့ ချေဖျက်တဲ့သဘောပေါ့နော်။ အစိုးရ ဖက်က ထိုးစစ်လုပ်နေတာ ၃ လလောက်ရှိပြီကို အဲဒါကို ဒီတိုင်း ခံစစ်အနေနဲ့ပဲ ကိုယ်ခံနေရရင် ကိုယ်နာမှာပေါ့။ ကိုယ့်နေရာကို သူများလာတိုက်တာကို။ အဲဒါအပြင်ထွက်တိုက်ပြီးတော့မှ လှုပ်ရှားလိုက်ခြင်းအားဖြင့် အစိုးရက သူ့ကွင်းတွေကို လုံခြုံရေးအရသူပြန်ယူရမှာပေါ့။ အဲဒီတော့ ထိုးစစ်က သက်လာလိမ့်မယ်လို့ အဲလို ယုံကြည်တယ်။”

နိုဝင်ဘာလ ၂၈ ရက် နဲ့ ၂၉ ရက်နေ့ ကျင်းပပြုလုပ်တဲ့ ယူအန်အက်ဖ်စီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ တိုးချဲ့အစည်းအဝေးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်(NCA) လက်မှတ်မထိုးသေးတဲ့ အဖွဲ့အစည်း ၇ ဖွဲ့မှ ကိုယ်စားလှယ် ၂၀ ကျော် တက်ရောက် ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

ယူအန်အက်ဖ်စီဟာ ၂၀၁၁ ခုနှစ်က လက်နက်ကိုင်တိုင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ စတင်ဖွဲစည်းခဲ့ပြီး ပထမဆုံးညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၄ သြဂုတ်လာ ကျင်းပခဲ့ပါတယ်။

ပဆုံးကျင်းပချိန်က UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ KIO , KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO, MNDAA စတဲ့ အဖွဲ့ဝင် ၁၂ ဖွဲ့က ခေါင်းဆောင်တွေ၊ UNFC ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဖြစ်တဲ့ ALP,AA,DKBA, ငြိမ်းချမ်းရေးကောင်စီ PC, ABSDF စတဲ့အဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ်တွေအပါအ၀င် ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

ပထမဆုံးကျင့်ပတဲ့ညီလာခံမှာပဲ KNU ကရင်အမျိုးသားအစည်းအရုံးက အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့သလို အန်စီအေ လက်မှတ်ရေးထိုခဲ့တဲ့ CNF ချင်အမျိုးသားတပ်ဦး နဲ့ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ကို အဖွဲ့ဝင်ဖြစ်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013