DVB Logo
Home
မြန်မာသတင်း
မောင်တောကုန်သွယ်မှု ၂ လတွင်း အမေရိကန်ဒေါ်လာ ၈ သိန်းခန့် နစ်နာ
DVB
·
November 29, 2016
Donate to DVB

မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကို အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလထိ ကုန်သွယ်မှုကို ရပ်ဆိုင်းထားတာကြောင့် ၂ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၈ သိန်းခန့် နစ်နာခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က မောင်တော နယ်ခြားစောင့်တပ်စခန်း ၃ ခုကို အကြမ်းဖက် တိုက်ခိုက်ရပြီးနောက် မောင်တောနယ်စပ်ကုန်သွယ်စခန်းကို ၂ လကြာ ပိတ်ထားခဲ့ပြီး အဲဒီ ၂ လအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၈ သိန်းခန့် နစ်နာခဲ့တယ်လို့ မောင်တော ကုန်သွယ်ရေး စခန်းက ဥက္ကဋ္ဌဦးအောင်မြင့်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“နှစ်လ အတိုးအတွင်းမှာ ပထမလတော့ အကောင်အထည်နည်နည်း ဖော်နိုင်ခဲ့တာပေါ့။ ဒုတိယလအတွက်တော့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ လျာထားချက်ကို မပြည့်မီတာ ပေါ့လေ။ နိုဝင်ဘာလအတွက်တော့ ဒေါ်လာ ၄ သိန်းဖိုးလောက် ဆုံးရှုံးသွားတာပေါ့။ ဒီလတော့ လုံးဝအကောင်အထည်မဖော်နိုင်ခဲ့ဘူးလေ။ နှစ်လပေါင်း ဆိုတော့ ဒေါ်လာ ၈ သိန်းလောက် နစ်နာသွားတာပ့ါ။ ကျနော်တို့ လစဉ်လတိုင်း လျာထားချက် မှန်းထားတာတွေ ဆုံးရှုံးသွားတဲ့ သဘောပါ။”

လက်ရှိအချိန်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ထားဆဲဖြစ်ပြီး လောလောဆယ် မှာတော့ ပြန်လည်ဖွင့်ဖို့ သက်ဆိုင်ရာကို တင်ပြထားဆဲ ရှိနေတယ်လို့ ဦးအောင်မြင့်သိန်းက ဆက်လက်ပြောပါတယ်။

“လက်ရှိအခြေအနေက ပိတ်ထားဆဲပါပဲ။ ကျနော်တို့ ပြန်လည်တင်ပို့ခွင့် ရရှိရေးအတွက်ကို ကြိုးစားနေပါတယ်။ တင်ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ကျနော်တို့က အများကြီး မျှော်လင့်ချက်ထား ပါတယ်။ တင်ခွင့်ပြုလိုက်ပြီဆိုရင်လည်း လုပ်ရကိုင်ရ ပြောရဆိုရတာ ကောင်းပါတယ်။ အခုက နည်းနည်းလည်း တရက်ခြား ဟိုဘက်မှာ ဖမ်းမိလိုက်၊ ဒီဘက်မှာ ဖမ်းမိလိုက်နဲ့ ဖြစ်စဉ်တွေက ဖြစ်နေတဲ့အခါကျေတာ့ သက်ဆိုင်ရာကို တင်ပြဖို့ဆိုတာလည်း နည်းနည်း အချိန်အခါမသင့်ဘူး ထင်တဲ့အတွက် ရပ်ဆိုင်းထားတဲ့သဘောပါ။ အထက်ကို တင်ပြထားပါတယ်။”

နိုဝင်ဘာလ ၃ ရက်နေ့က အကြမ်းဖက်အဖွဲ့တွေ မောင်တောရဲကင်းတခုကို တကျော့ပြန် ဝင်ရောက် ထပ်မံတိုက်ခိုက်ခဲ့တဲ့အချိန်ကစလို့ မောင်တော နယ်စပ်ကုန်သွယ်ရေး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

မောင်တောနယ်စပ်ဂိတ်ဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ပို့ကုန်အများဆုံး ကုန်သွယ်ရေးစခန်းဖြစ်ပြီး ရေထွက်ကုန်ဖြစ်တဲ့ ပုစွန်၊ ငါးခြောက်မျိုးစုံ၊ ငါးနီတူ စတဲ့ ရေထွက်ကုန်တွေကို တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်ကတော့ အဝတ်အထည်၊ ဒန်ပစ္စည်းမျိုးစုံနဲ့ ပလတ်စတစ်မျိုးတို့ တင်ပို့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်မှာ မောင်တောနယ်စပ်ရဲ့ ကုန်သွယ်ရေးတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၃၅ ရှိပြီး၊ လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မောင်တော နယ်စပ်ကုန်သွယ်မှုပမာဏဟာ နိုဝင်ဘာ ၁၃ ရက်နေ့ထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈၉ သန်း ရှိတယ်လို့ သိရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013