DVB Logo
Home
မြန်မာသတင်း
သာသနာ့မြေပေါ် ခြံစည်းရိုးကာသည့် ဘုရားဂေါပကဥက္ကဋ္ဌကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲ
DVB
·
November 29, 2016
သာသနာ့မြေပေါ် ခြံစည်းရိုးကာသည့် ဘုရားဂေါပကဥက္ကဋ္ဌကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲ
Donate to DVB

သာသနာ့မြေပေါ်က သီးပင်စားပင်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ခြံစည်းရိုးကာရံတဲ့ ဘုရားဂေါပက ဥက္ကဋ္ဌနဲ့ အပေါင်းအပါတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တောင်ငူမြို့မရဲစခန်းမှာ နိုဝင်ဘာ ၂၈ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ (၉) ရပ်ကွက်၊ ဆေးရုံဟောင်းလမ်းမှာရှိတဲ့ ဥယျာဉ်ကျောင်းပိုင်သာသနာ့မြေပေါ်မှာ စိုက်ပျိုးထားတဲ့ ငှက်ပျောပင်အချို့နဲ့ သရက်ကိုင်းတွေကို အောင်သိဒ္ဓိဘုရားဂေါပကဥက္ကဋ္ဌဖြစ်သူ ဦးစန်းမြင့်နဲ့ အပေါင်းအပါ ၂၀ ဦးတို့က ဝင်ရောက်ခုတ်လှဲပြီး အုတ်မြစ်ချ ကွန်ကရစ်တိုင်တွေ အခိုင်အမာ စိုက်ထူခဲ့တဲ့အတွက် ဥယျာဉ်ကျောင်းမှာ နေထိုင်ပြီး ဘုန်းကြီးကျောင်း ဝေယျာဝစ္စ လုပ်ကိုင်ပေးနေတဲ့ ကိုသက်နိုင်ဦးက အမှုဖွင့်အရေးယူပေးဖို့ တောင်ငူမြို့မရဲစခန်းမှာ နိုဝင်ဘာလ ၆ ရက်နေ့က သွားရောက်တိုင်တန်းခဲ့တာပါ။

ခြံစည်းရိုးခတ်ခံထားရတဲ့ ဥယျာဉ်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝိလာသဂ္ဂ က “မြေက ဦးဇင်းတို့ ကျောင်းပိုင် အခွန်လွတ်သာသနာ့မြေဘဲ၊ ဘုရားဂေါပကဥက္ကဋ္ဌနဲ့ အပေါင်းပါ တွေက အဲ့နေ့ကလာပြီးတော့ အပင်တွေကို ခုတ်လှဲပြီး မြေကျင်းတွေ တူးခြံစည်းရိုးတွေ ခတ်လုပ်ကြ တယ်။ ဦးဇင်းလည်း မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်တို့ မြို့နယ်အုပ်ချုပ်ရေးမှုးတို့ကို တားမြစ်ပေးဖို့ တင်ပြပြီးစောင့်နေခဲ့တယ်။ ခုဆိုဦးဇင်းကျောင်းကို ဝင်တဲ့ အပေါက်တွေလည်း ပိတ်ကုန်ပြီ၊ တိုင်တာကတော့ နိုဝင်ဘာ ၆ ရက်နေ့ထဲကဘဲ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ်မှ စခန်းက အမှုဖွင့်ပေးတာဖြစ်တယ်”လို့ မိန့်ပါတယ်။

တောင်ငူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အမှုဖွင့်ထားတာမှန်ပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီကျော်က ဖွင့်လိုက်တာပါ။ (ပ)နံပါတ်ပုဒ်မကတော့ (ပ) ၁၀၀၈/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၄၄၇/၄၂၇၊ ပိုင်နက်ကျူးလွန်မှု၊အကျိုးဖျက်ဆီးမှုတွေနဲ့ပါလို့ မြို့မရဲစခန်း တာဝန်ရှိသူမှ ဖြေကြားခဲ့ပါတယ်။
သတင်း - သားကြီး (တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013