DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ် ၁၁ ရပ်ကွက်ရှိ ပလတ်စတစ်စက်ရုံတွင် မီးလောင် (ဓာတ်ပုံ)
DVB
·
November 29, 2016
လှိုင်မြို့နယ် ၁၁ ရပ်ကွက်ရှိ ပလတ်စတစ်စက်ရုံတွင် မီးလောင် (ဓာတ်ပုံ)
1 / 17
Donate to DVB

နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၁ ရပ်ကွက် စံပယ်ခြံ ၂ လမ်းက ပလတ်စတစ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ပလတ်စတစ်စက်ရုံအတွင်း မီးလောင်နေတာ ည ၁၂ နာရီဝန်းကျင်ကတည်းကဖြစ်ပြီး ကြိတ်ငြှိမ်းသတ်နေတာကို အိမ်နီးချင်းအိမ်က သိရှိပြီး မီးသတ်ကို သတင်းပေးပို့ခဲ့တာကြောင့် မနက် ၂ နာရီကျော်မှ မီးစတင်ငြှိမ်းသတ်ခဲ့ရတာလို့ ၁၁ ရပ်ကွက်မှာနေထိုင်တဲ့ ကိုပြည့်စုံက ပြောပါတယ်။

မီးကို မနက် ၃ နာရီခွဲဝန်းကျင်မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်တာဟာ အပူပေးတဲ့ စက်ကနေတဆင့် မီးလောင်ကျွမ်းတယ်လို့ ယူဆကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက ပြောပါတယ်။

မီးလောင်မှုကြောင့် အိမ်ရှင် ၁ ဦးနဲ့ မီးသတ်သမား ၂ ဦး အသေးစားဒဏ်ရာရရှိခဲ့ကာ ပလတ်စတစ်ပစ္စည်းတွေနဲ့ ကား ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုအတိအကျ မသိရသေးဘူးလို့ ဦးသော်တာက ဆိုပါတယ်။

သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013