DVB Logo
Home
မြန်မာသတင်း
ကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်ရန်ကြိုးစားသူကို မန္တလေးဘူတာကြီးအနီး ဖမ်းဆီး
DVB
·
November 28, 2016
ကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်ရန်ကြိုးစားသူကို မန္တလေးဘူတာကြီးအနီး ဖမ်းဆီး
Donate to DVB

မန္တလေးဘူတာကြီး ပရဝဏ်အတွင်း အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားတယ်ဆိုပြီး အသက် ၄၀ အရွယ် အမျိုးသား ၁ဦးကို မနေ့မနက်က မန္တလေး မီးရထားရဲစခန်းက ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက် မန္တလေးဘူတာတောင်ဘက်၊ ရထားသံလမ်း ရှန်တိန်ပြုလုပ်တဲ့ အနောက်ဘက်ရှိ အမှိုက်ပုံနံဘေးမှာ ကျပန်းလုပ်ကိုင်သူ လှထွေး (ခ) ကျင်ဝှက် (အသက် ၄၀ နှစ်)က အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနဲ့ အသက် ၄ နှစ်အရွယ်ရှိ မိန်းကလေး ၁ ဦး (မောင်နှမနှစ်ဦး)တို့ကို အဓမ္မပြုကျင်ဖို့ ကြိုးစားစဉ် အနီးရပ်ကွက်မှ ပြည်သူတွေက ၀ိုင်းဝန်းဖမ်းဆီးပြီး မီးရထားရဲစခန်းသို့ ပို့ဆောင်ခဲ့တာပါ။

လှထွေး(ခ)ကျင်ဝှက်ကို အုပ်ထိန်းသူမိခင် မဇင်မာဝင်းက တရားလိုပြုလုပ်ပြီး မီးရထား ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ တို့ဖြင့် အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013