DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တိုင်စာကိစ္စ အဖွဲ့ချုပ်ဗဟို စုံစမ်းမည်
DVB
·
November 28, 2016
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တိုင်စာကိစ္စ အဖွဲ့ချုပ်ဗဟို စုံစမ်းမည်
Donate to DVB

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းကမ်းနဲ့ မညီတဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ တိုင်စာတွေရောက်ရှိနေတဲ့အတွက် စုံစမ်းသုံးသပ်ဖို့ ဗဟိုက အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ အန်အယ်လ်ဒီဗဟို ထုတ်ပြန်ချက်မှာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိစ္စရပ်တွေကို လေ့လာ သုံးသပ်တင်ပြဖို့ အဖွဲ့ခေါင်းဆောင်ဦးဉာဏ်ဝင်းနဲ့ အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ ရှေ့နေ ဦးကျော်ဟိုးတို့ သုံးဦးပါတဲ့ သုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ဖော်ပြထားပါတယ်။

အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက “မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ စည်းကမ်းနဲ့ မညီတဲ့အ လုပ်တွေနဲ့ပတ်သက်ပြီးတော့ တိုင်စာတွေရောက်နေတယ်လေ။ အဲတော့ အဲဒီတိုင်စာတွေနဲ့ ပါအချက်အလက်တွေကို လေ့လာဖို့ပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒါပေမယ့် ဘယ်လို စည်းမျည်းစည်းကမ်းနဲ့ မညီတဲ့ ကိစ္စလည်းဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013