DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု သေဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ် ရေးဆွဲနေ
DVB
·
November 28, 2016
သက်ငယ်မုဒိမ်းမှု သေဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ် ရေးဆွဲနေ
Donate to DVB

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေသစ် ရေးဆွဲပြီးသွားပြီဖြစ်ပြီး မကြာခင် ထွက်ပေါ်လာတော့မယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သိရပါတယ်။

၁၉၉၃ ကလေးသူငယ်ဥပဒေမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ် အတိအကျ ဖော်ပြထားမှု မရှိတာကြောင့် အခုလို ဆောင်ရွက်ရတာလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"သက်ငယ်မုဒိမ်းအနေနဲ့ ဘယ်လိုပြစ်မှုပြစ်ဒဏ်ဆိုတာ ဖော်ပြထားခြင်း မရှိဘူး။ ၁၉၉၃ ကလေးသူငယ်ဥပဒေ ပြန်လည်ရေးဆွဲနေတယ်။ ရေးဆွဲတာ ပြီးသွားပြီ။ အဲဒီအထဲမှာ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့ ထည့်ထားတယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိ ချနိုင်တယ်ဆိုတာ ထည့်သွင်းထားတယ်။"

ကလေးသူငယ်တွေအတွက် ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ဖြစ်စေဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို အကြံဉာဏ်တောင်းခံထားကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ နောက်ဆုံးပြန်ကြားလွှာ ဒီရက်ပိုင်းအတွင်း ရောက်ရှိမှာဖြစ်ပြီး မကြာမီကာလအတွင်း ၁၉၉၃ ကလေးသူငယ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေသစ် ပေါ်ထွက်လာတော့မယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောပါတယ်။

အသစ်ပေါ်ထွက်လာမယ့် ဥပဒေထဲမှာဆိုရင် ပြစ်မှုကျူးလွန်သူကို အနိမ့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် တသက်တကျွန်းအထိ ချမှတ်နိုင်ဖို့ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။

"နှစ်နဲ့ ပြောထားတာကတော့ အမြင့်ဆုံးပြစ်ဒဏ် တောင်းဆိုမယ်လို့ သူတို့ကို ပြောထားတယ်။ ကျနော်တို့ရဲ့ ၁၉၉၃ ကလေးသူငယ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအသစ် မကြာခင် ထွက်လာတော့မယ်။ ထွက်လာခဲ့ရင် ပြစ်ဒဏ်အတိအကျပါလာမှာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်တော့ အမြင့်ဆုံးက နှစ် ၂၀ ပေါ့။ သေဒဏ်ဆိုတာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ချမှတ်တဲ့နိုင်ငံတွေ ရှိပါတယ်။ မချမှတ်တဲ့နိုင်ငံတွေလည်း ရှိပါတယ်။ သေဒဏ်ချမှတ်ထားသော်လည်း မဆောင်ရွက်တဲ့နိုင်ငံတွေ ရှိတယ်။ ဒါကတော့ အားလုံး ဆွေးနွေးတိုင်ပင်ရမယ့်ကိစ္စ ဖြစ်ပါတယ်" လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မြန်မာပြည်မှာ ၂၀၁၆ ခုနှစ်အတွင်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှုတွေ မြင့်တက်လာနေတာကြောင့်နဲ့ အမျိုးသမီး၊ ကလေးငယ်တွေရဲ့ ဘဝလုံခြုံမှုအတွက် ဥပဒေမှာ ထိရောက်တဲ့ပြစ်မှုမျိုး လိုလားနေကြပြီး သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အတွက် လူမှုကွန်ရက် စာမျက်နှာတွေမှာ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းကလည်း သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အတွက် လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013