
ကျိုက်ထီးရိုးဆံတော်ရှင်စေတီကို လာရောက်ဖူးမြော်တဲ့ ပြည်တွင်း ပြည်ပ ခရီးသွား ဝင်ရောက်မှုဟာ လက်ရှိအချိန်ထိ ယခင်နှစ်တွေထက် ၂ ဆကျော် ပိုများလာတယ်လို့ ဂေါပကအဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။
ပြည်တွင်း ပြည်ပ ခရီးသွားတွေအနေနဲ့ အခါကြီးရက်ကြီးတွေမှာဆိုရင် ရင်ပြင်တော်ပေါ်မှာ ခြေချစရာမရှိအောင် လာရောက်ကြတယ်လို့ သိရပါတယ်။
ယခင်က ပြင်ဆင်မှုတွေမရှိခဲ့တဲ့ ကျောက်ထပ်ကြီး၊ နဂါးဘုရား၊ ဖားဘုရား၊ ကျောက်စည်ယိုဘုရားတို့ကို ပြုပြင်ပြင်ဆင်မှုတွေ ပြုလုပ်နေသလို အခြားဘုရားများကိုလည်း လာမယ့်အချိန်တွေမှာ ဘုရားဝေယျာဝစ္စအဖွဲ့တွေ ထားရှိသွားမယ်လို့လည်း သိရပါတယ်။
အလှူခံရရှိမှုတွေဟာလည်း ယခင်နှစ်တွေထက် ပိုမိုရရှိနေပြီးတော့ ခရီးသွားရာသီ မကုန်သေးတဲ့အတွက် ထပ်မံဝင်ရောက်လာဖို့ ရှိနေပါတယ်။
သတင်း - ထက်လူ











