DVB Logo
Home
မြန်မာသတင်း
ပါတီကအရေးယူခံရသည့် အန်အယ်လ်ဒီ မအူပင်အမတ် ပြန်လည်ရှင်းလင်း
DVB
·
November 28, 2016
ပါတီကအရေးယူခံရသည့် အန်အယ်လ်ဒီ မအူပင်အမတ် ပြန်လည်ရှင်းလင်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ အရေးယူခံထားရသူ ကိုယ်စားလှယ် ၃ ဦးထဲက တဦးဖြစ်တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းကသူ့ကို ပါတီက တာဝန်တွေ ရုပ်သိမ်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဒေါက်တာမြင့်စိန် အပါအဝင် အန်အယ်လ်ဒီပါတီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးသက်ကိုလေး၊ ဧရာဝတီတိုင်း အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်အဖွဲ့ ဦးစည်သူအောင်နဲ့ မအူပင်မြို့နယ် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးမောင်မောင်တို့ ၄ ဦးကို မအူပင် ရဲစခန်းမှာ အောက်တိုဘာလ ၂၀ ရက်နေ့က တိုင်ပြီး ၂၁ ရက်နေ့က အမှုဖွင့်ခဲ့တဲ့ကိစ္စမှာ ရုံးချုပ် ဗဟိုကို ခွင့်မတောင်းဘဲတိုင်ကြားခဲ့တာကြောင့် ပါတီတာဝန်တွေရုပ်သိမ်းခံရတာ ဖြစ်တယ်လို့ ဦးစိန်ဝင်းက ဒီဗွီဘီ ကိုပြောပါတယ်။

သူ့ဂုဏ်သိက္ခာနဲ့ ပါတီရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် စာတွေဖြန့်ဝေခဲ့တဲ့အတွက် ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပြီး တိုင်ကြားရမယ့်ကိစ္စက ရာဇဝတ်မှုမြောက်နေလို့ တိုင်ကြားခဲ့တာဖြစ်သလို မတိုင်ကြားခင်မှာ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို အကြောင်းကြားဖို့ အခြေအနေနဲ့ အခွင့်အရေးမရခဲ့ဘူးလို့လည်း ဦးစိန်ဝင်းကပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ မအူပင်အမတ် ဦးစိန်ဝင်း၊ မြောင်းမြအမတ် ဒေါက်တာစိုးမိုးသူနဲ့ ရွှေပြည်သာအမတ် ဦးဉာဏ်လင်းတို့ကို ပါတီတာဝန်ကနေ ရုပ်သိမ်းကြောင်း နိုဝင်ဘာ ၂၆ ရက်မှာ အန်အယ်လ်ဒီပါတီက ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကို ဘာကြောင့် ပါတီကနေ ခုလို အရေးယူ လိုက်တယ်ဆိုတာကိုတော့ ကြေညာချက်မှာဖော်ပြခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013