DVB Logo
Home
မြန်မာသတင်း
အေတီအမ်စက် ငွေဖြည့်ကားကို လုယက်သည့် စုံစမ်းရေးရဲအရာရှိ ဖမ်းဆီး (ရုပ်သံ)
DVB
·
November 27, 2016
အေတီအမ်စက် ငွေဖြည့်ကားကို လုယက်သည့် စုံစမ်းရေးရဲအရာရှိ ဖမ်းဆီး (ရုပ်သံ)
Donate to DVB

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ ဆောင်ဖီနောင်ခရိုင်အတွင်းရှိ အေတီအမ်စက် ငွေဖြည့်တဲ့ကားမှ ဘတ်ငွေ ၅ သန်း လက်နက်ပြလုယက်မှုနဲ့ စုံစမ်းထောက်လှမ်းရေး အရာရှိကို ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်ရဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေသခံခရိုင်ရဲဌာန နံပါတ် ၇ မှ စုံစမ်းထောက်လှမ်းရေး အရာရှိတွေက ဒီလုယက်မှုဟာ လုယက်သူနဲ့ဆက်စပ်နေတဲ့ဆိုတဲ့ သက်သေတွေ့ရှိပြီးနောက် နိုဝင်ဘာလ ၂၅ ရက် အစောပိုင်း မှာ ရဲအရာရှိတဦးဖြစ်သူ ဝစ်သွန်ဖက်ပန်ကန် အသက် ၂၄ နှစ်ကို သူ့အိမ်မှ ဖမ်းဆီးပြီး ချွန်ဘူရီခရိုင်အတွင်းရှိ ဘန်ဘန်းခရိုင်ရဲဌာနမှာ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တကိုယ်တော်လုယက်သူဟာ သူရဲ့မျက်နှာကို ဆိုင်ကယ်ဦးထုတ်နဲ့ ဖုံးထားပြီး ခွန်ထိုင်းဘဏ် အေတီအမ်စက်ကို ငွေလာဖြည့်တဲ့ကားကို နေ့အချိန်အတွင်း လုယက်ခဲ့တာပါ အဲ့ဒီနောက် သူဟာ ထိုင်းဘတ် ၅ သန်းနဲ့အတူ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လွတ်မြောက်ခဲ့တာပါ။

ဒီလုယက်မှုဟာ ဆောင်ဖီနောင်ခရိုင်၊ ဘန်လန်းတမ်ဘုမ်၊ ဆောင်ဖီနောင်လက်ဘူရလူရန် လမ်းပေါ်ရှိ ပီတီတီ ဓာတ်ဆီဆိုင်နားက အေတီအမ်စက်မှာ ဖြစ်ခဲ့ပြီး ဒီလုယက်မှုအတွင်း လုယက်သူက ပစ္စတိုသေနတ်ကို ပစ်ခတ်ခဲ့ပေမယ့် တဦးမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။

ရဲတွေက အရာရှိတဦးဖြစ်သူ စုမ်နူရက်ကိုလည်း ဒီလုယက်မှုမှာ ကျူးလွန်ခဲ့တယ်လို့ စွတ်စွဲထားပါတယ်။ ဓာတ်ဆီဆိုင်မှ ပေါက်ပေါက်ဆုတ် ရောင်းသူအနေနဲ့ အသက် ၃၅ နှစ် အရွယ် စုမ်နူရက်စုမ်စူရေးက ငွေဖြည့်ကားရောက်လာကြောင်း လုယက်သူကို သတင်းပေးခဲ့ပြီး ရဲအရာရှိရဲ့အကိုက ငွေလုယက်သူ လွတ်မြောက်အောင် ကူညီတယ်လို့ ရဲတွေက စွတ်ဆွဲထား ပါတယ်။

ဆောင်ဖီနောင်ခရိုင် တမ်ဘုမ်ဒွန်မနာအိုမှ လူမနေတဲ့အိမ်ထဲက ဆားကန်ဘေးမှာ လုယက်သူ ၀တ်ဆင်တယ်လို့ ယူဆရတဲ့ အဝတ်အစား၊ ဆိုင်ကယ်ဦးထုတ်နဲ့ မော်တော်ဆိုင်ကယ် တွေကို စွန့်ပစ်ထားတယ်လို့ သိရပါတယ်။
လုယက်မှုသံသယနဲ့ ဖမ်းဆီးထားသူကို စစ်ဆေးဆဲဖြစ်ပြီး ကျန်သံသယရှိသူ ၂ ဦးကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သတင်းတွေက ပြောထားပါတယ်။
ရဲအရာရှိစုမ်နူရက်စူရေးကို ဘန်ဘန်းရဲဌာနက အောက်တိုဘာလ ၁၃ ရက်နေ့မှာ စုံစမ်းထောက်လှမ်းမှုထူးချွန်လို့ ဆုချီးမြှင့်ခံထားရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013