DVB Logo
Home
မြန်မာသတင်း
ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသား ၂ ဦး ဒီဗွီဘီသတင်းမှတွေ့ရှိပြီး အလောင်းပိုင်ရှင်ပေါ်
DVB
·
November 27, 2016
ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသား ၂ ဦး ဒီဗွီဘီသတင်းမှတွေ့ရှိပြီး အလောင်းပိုင်ရှင်ပေါ်
Donate to DVB

ဥက္ကံမြို့မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ အမျိုးသား ၂ ဦးကို ဒီဗွီဘီသတင်းဌာနက သတင်းမှာ တွေ့ရှိပြီး အလောင်းပိုင်ရှင်ပေါ်ခဲ့တယ်လို့ ဥက္ကံနယ်မြေရဲတပ်ဖွဲ့စခန်းမှ ပြောပါတယ်။

ဥက္ကံမြို့ သိမ်ကုန်းကျေးရွာမိုင်တိုင်အမှတ် ၆၃/၆၄ ကြားတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ညနေ ၆ နာရီခွဲ အချိန်မှာ မင်းလှ-ရန်ကုန် ပြေးဆွဲနေတဲ့ ရန်မျိုးအောင် (EHPRESS) ယာဉ်နဲ့ YAMAHA အနက်အစိမ်းရောင် ဂျပန်လုပ်မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ် မောင်းနှင်သူ ၂ ဦးမှ တဦးမှ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးပြီး ကျန်တဦးမှ ရန်ကုန်ဆေးရုံကြီး သို့ တင်ပိုဆေးကုသရာမှ ၄ ရက်မြောက်နေ့မှာ သေဆုံးသွားခဲ့တာပါ။

၁၀ ရက်ကျော်ကြာချိန်အထိ ပိုင်ရှင်မပေါ်သေးရာမှ နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်က ဒီဗွီဘီသတင်းဌာနက သတင်းကို တွေ့ရှိရာ မိဘတွေသိရှိပြီး ပိုင်ရှင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၂ ဦးမှာ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်အနောက် ဘန်းဘွေးကုန်းကျေးရွာနေ ဂျွန်စတင်း(ခ)လှချို (အသက် ၂၆ နှစ်)သူနဲ့ တရွာထဲနေ ဖိုးမှေး (ခ) ဝင်းကိုကို (အသက် ၂၉ နှစ်) တို့ဖြစ်ကျပြီး အခင်းဖြစ်ပွားရာ နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ မိဘတွေကို မပြောဘဲ ညီဝမ်းကွဲတော်စပ်သူကို ပဲခူးမြို့သို့သွားမည်ဟု ပြောသွားပြီး ပြန်မလာတော့ ဖြစ်တယ်လို့ သိရပါတယ်။

နီးစပ်ရာဆွေမျိုးတွေနဲ့ မိတ်ဆွေတွေထံ စုံစမ်းရာမှလည်း မတွေ့ရတဲ့အတွက် ၃ ရက်မြောက် နေ့မှာ ကြို့ပင်ကောက်ရဲစခန်းမှာ လူပျောက်မှုသွားဖွင့်ရာ အသက် (၁၆) နှစ်ကျော်တဲ့အတွက် အမှုလက်မခံဘဲ ကွင်းစပြတ်သွားတာပါ။

နိုဝင်ဘာ ၂၆ ရက်နေ့ ဒီဗွီဘီ သတင်းမှာ ပါလာတဲ့အတွက် သိရှိရပြီး အခုလို ရဲစခန်းကို လိုက်လာတာဖြစ်တယ်လို့ သေဆုံးသူဂျွန်စတင်း (ခ) လှချိုရဲ့ ဖခင်ဦးကံညွှန်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ သေဆုံးသူလည်း သေသွားပြီဖြစ်တဲ့အတွက် အမှုဖွင့်တာတွေ မလုပ်တော့ပါဘူး။ သားရဲ့ရုပ်အလောင်းကို ပြန်ဖော်ရရင်ယူသွားပြီး သဂြိုလ်ချင်တယ်။ အချိန်မီမသိရှိရတဲ့အတွက် ၀မ်းနည်းတယ်”လို့ သေဆုံးသူဖခင် ဦးကံညွှန်က ဆက်လက် ပြောကြားခဲ့ပါတယ်။
သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013