DVB Logo
Home
မြန်မာသတင်း
အမည်မသိ အမျိုးသား ၁ ဦး ထရန်စဖော်မာခြံအတွင်း ဓာတ်လိုက်သေဆုံး
DVB
·
November 27, 2016
အမည်မသိ အမျိုးသား ၁ ဦး ထရန်စဖော်မာခြံအတွင်း ဓာတ်လိုက်သေဆုံး
Donate to DVB

မုံရွာမြို့မှာ အမည်မသိ အမျိုးသားတဦး ထရန်စဖော်မာခြံအတွင်း ဓာတ်လိုက်သေဆုံးနေတာကို မနေ့က တွေ့ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ကုတင် ၂၀၀ ဆံ့ သားဖွားမီးယပ် ကလေးဆေးရုံအနောက်ဖက်၊ သုံးပေါက်တွဲရေတံခါးအနီးရှိ ထရန်စဖော်မာခြံစည်းရိုးအတွင်း နိုဝင်ဘာ ၂၆ ရက်က ဓာတ်လိုက်သေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။

"သေဆုံးနေတာ သုံးရက်လောက်ရှိပြီလို့ ခန့်မှန်းရတယ်။ သေရတဲ့အကြောင်းရင်းက မီးကြိုး ဖြတ်လို့ပဲ။ သူ့အနားမှာ ပလယာတချောင်းတွေ့တယ်။ မီးကြိုးပြတ်အပိုင်းအစတွေ တွေ့တယ်။ မီးလောင်ထားတဲ့ ဘေးလွယ်အိတ်တလုံး၊ လေးဂွတလက်၊ ဘောသီးတွေတွေ့တယ်။ လူနေအိမ်နဲ့ နည်းနည်းလှမ်းတဲ့ ကမ်းနားမှာဆိုတော့ သတိမထားမိကြဘူး။ အပုပ်နံ့ရမှသိကြတာ။ အဲဒီနေ့က ဘုန်းဆိုတဲ့ အသံကြားလိုက်တယ်။ ကားဘီးပေါက်တာနေမှာဆိုပြီး အမှုမဲ့နေကြတာလို့ ပတ်ဝန်းကျင်က သိရတယ်"လို့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ စခန်းမှုး ဒုရဲမှုးသိန်းဆွေမြင့်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သေမှုသေခင်းအမှတ် ၃၈/၂၀၁၆ အရ အမှုဖွင့်အရေးယူ စုံစမ်းနေကြောင်းသိရပါတယ်။
သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013