DVB Logo
Home
မြန်မာသတင်း
၂၀၁၆ - ၁၇ ဆောင်းရာသီကာလ နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်းဖွင့်လှစ်
DVB
·
November 27, 2016
၂၀၁၆ - ၁၇ ဆောင်းရာသီကာလ နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်းဖွင့်လှစ်
1 / 6
Donate to DVB

နေပြည်တော် - ပင်လောင်းကားလမ်း တောင်ကျ ကျေးရွာအနီးမှာရှိတဲ့ နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နေပြည်တော်ရေပူစမ်းအပန်ဖြေစခန်းဟာ ပင်လောင်းမြို့နယ်၊ တောင်ကျ ကျေးရွာ အနီးမှာတည်ရှိပြီး နေပြည်တော် - ပင်လောင်း ကားလမ်း မိုင်တိုင် ၂၄ မိုင် ၄ ဖာလုံ လမ်းခွဲမှ ၁ မိုင် ၆ ဖာလုံ ကွာဝေးပါတယ်။

အဲဒီရေပူစမ်းအပန်းဖြေစခန်းမှာ အထူးဘန်ဂလို ၁ လုံး၊ သီးသန့်ဘန်ဂလို ၃ လုံး၊ ၆ ခန်းတွဲ ရေစိမ် ခန်း ၁ လုံး၊ ၂ ခန်းတွဲရေစိမ်ခန်း ၂ လုံးတို့ကို တည်ဆောက်ထားပြီး အမျိုးသား ပြင်ပရေ စိမ်ကန် ၂ ကန်၊ အမျိုး သမီး ပြင်ပရေစိမ်ကန် ၂ ကန်၊ နားနေဆောင် ၃ ဆောင်နဲ့ အမျိုးသား အမျိုးသမီးအ၀တ်လဲခန်းတွေကို ထည့်သွင်း တည်ဆောက်ထားပြီး ၂၀၁၀ခုနှစ် ဧပြီလ ၉ ရက်နေ့စတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

အပန်းဖြေစခန်း ဝင်ကြေးနှုန်းထားတွေကိုတော့ လူတစ်ဦးကို ၅၀၀ကျပ်၊ ဆိုင်ကယ်ဝင်ကြေး ၁စီး ၅၀၀ကျပ်၊ ယာဉ်ဝင်ကြေးကိုတော့ တစီး ၂၀၀၀နှုန်း၊ သီးသန့်ရေစိမ်ခန်း ၁ ဦးကို ၁၀၀၀နှုန်းနဲ့ ဘန်ဂလိုရေစိမ်ခန်းကိုတော့ တရက်ကို ၂၀၀၀၀ ကျပ်နှုန်းကောက်ခံမှာဖြစ်ပြီး ပြင်ပရေစိမ်ကန်မှာတော့ အခမဲ့ရေစိမ်နိုင်တယ်လို့သိရပါတယ်။

နေပြည်တော်ရေပူစမ်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၈တွင်တည်ရှိပြီး အဲ့ဒီအပန်းဖြေစခန်းမှာ ဒေသထွက်သီးနှံတွေဖြစ်တဲ့ နနွင်းခါး၊ ဖာလာ၊ ရွှေနီဌက်ပျောနဲ့ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေအပြင် တောဝက်သား၊ ပွေးသား၊ မျောက်သား၊ ဂျီသား၊ ဆတ်သား၊ တောင်ဆိတ်သားစတဲ့ တောင်ကောင်သားတွေလဲရရှိနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013