DVB Logo
Home
Lead Story
အမေစုရဲ့ နယ်မြေဖြစ်တဲ့အတွက် နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ် - ဦးကျော်ဆွေဝင်း
DVB
·
November 27, 2016
အမေစုရဲ့ နယ်မြေဖြစ်တဲ့အတွက် နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ် - ဦးကျော်ဆွေဝင်း
Donate to DVB

၂၀၁၇ ခုနှစ် ဧပြီလမှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ ခု ရှိပြီး ဒီထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်လည်း ပါပါတယ်။

အန်အယ်လ်ဒီက ၂၀၁၇ ကြားဖြတ်အတွက် ကော့မှူးမှာပြိုင်မယ့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့သူဟာ ထူးထူးခြားခြားဆိုသလို ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကော့မှူးက အနိုင်ရ ကိုယ်စားလှယ် မြောင်းမြဘဆွေရဲ့သား ဦးကျော်ဆွေဝင်း ဖြစ်ပါတယ်။

ဦးကျော်ဆွေဝင်းဟာ လတ်တလော ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာနေပြီး အင်္ဂလိပ်စာပြ ကျုရှင်ဆရာတယောက်ဘ၀နဲ့ အသက်မွေးဝမ်းကျောင်းနေသူ တဦး ဖြစ်ပါတယ်။

သူဟာ ဖခင်ဖြစ်သူ မြောင်းမြဘဆွေ ၁၉၉၀ ရွေးကောက်ပွဲဝင်တုန်းက စည်းရုံးလှုပ်ရှားပေးခဲ့သူ ဖြစ်သလို အန်အယ်လ်ဒီကော့မှူးရဲ့ လူငယ်ခေါင်းဆောင်တဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။

ဦးကျော်ဆွေဝင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး - အဖွဲ့ချုပ်က ဦးကျော်ဆွေဝင်းကို ဘယ်လို အကျိုးအကြောင်းတွေကြည့်ပြီး ရွေးချယ်ခဲ့တယ်လို့ ထင်လဲ။
ဖြေ - ကျနော့်အဖေက ၁၉၉၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ရဲ့ ကိုယ်စားလှယ်ပါခင်ဗျ။ ကျနော်ကလည်း အဲ့ဒီတုန်းက တကသုလ်ကျောင်းသားတဦးအနေနဲ့ ကျနော့်အဖေနဲ့အတူ နိုင်ငံရေးထဲမှာ ပါဝင်ခဲ့တယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဖေ့ကို ၀ိုင်းဝန်း ကူညီ ခဲ့တယ်။ နောက်ပိုင်းမှာလည်း ပါတီရဲ့တာဝန်တွေဖြစ်တဲ့ လူငယ် လုပ်ငန်းတာဝန်မှာလည်း ကျနော် တာဝန်ခံ တစ် အဖြစ် လုပ်ခဲ့ပါတယ်။ အဲ့ဒီ သမိုင်းကြောင်းတွေအရ ကျနော့်ကို ရွေးချယ် တယ်လို့ ယူဆပါတယ်။ ကျနော်ကလည်း အဖေ့ရဲ့အမွေကို လိုလိုလားလား ဆန္ဒရှိတယ်။ တိုင်းပြည်အတွက် အဖေ မပြီးပြတ်ခဲ့တဲ့နေရာလေးကို ကျနော်ဆက်ပြီးတော့ တာဝန် ထမ်းဆောင်ချင်တယ်ပေါ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကော့မှူးက ခေါ်တဲ့အခါ ကျနော် ၀င်ရွေး လျှောက်ခဲ့တာပါ။

မေး - အခု ဦးကျော်ဆွေဝင်း ၀င်ပြိုင်မယ့် နေရာက ကမာသိ ဒေါ်အောင်ဆန်းစုကြည်နေရာ ဖြစ်နေတယ်။ ရွေးကောက်ပွဲ စည်းရုံးရေးကာလကျ ဘယ်လို တွေဖြစ်လာနိုင်လည်း၊ ဘယ်လို မြင်လည်း။
ဖြေ - ကျနော်က ကြိုးစားအားထုတ်မှုနဲ့ အစွမ်းကုန် ကြိုးစားမယ်။ ကျနော့် နိုင်ငံရေးခံယူချက်လေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော့် တာဝန်နဲ့ တထောင့်တနေရာကနေပြီးတော့ ကူညီခွင့်ရတာ ကိုပဲ ၀မ်းသာတယ်။

မေး - နောက်တခုက ဦးကျော်ဆွေဝင်းကို ရွေးချယ်တဲ့နေရာမှာ အဖေဖြစ်တဲ့ မြောင်းမြဘဆွေရဲ့ မျက်နှာကြောင့် ဖြစ်နိုင်သလား။
ဖြေ - ဟုတ်ကဲ့၊ ကျနော့်အဖေ အနစ်နာခံပြီးတော့ လုပ်ခဲ့တဲ့ သမိုင်းကြောင်းအရ ကျနော့်ကို ရွေးချယ်တယ်လို့ ယူဆပါတယ်။

မေး - လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၁၅တုန်းကလို အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အလွယ်တကူ အနိုင်ရနိုင်ပါ့မလား။ ဦးကျော်ဆွေဝင်း ဘယ်လို သုံးသပ်မိလဲ။
ဖြေ-အမေစု နယ်မြေဖြစ်တဲ့အတွက်တော့ ကျနော်တို့ နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမေစုရဲ့ လုပ်ဆောင်ချက်တွေကလည်း ကော့မှူးအပေါ် အများကြီးရှိတဲ့အတွက်ကြောင့်မို့ ကော့မှူး မဲဆန္ဒနယ်မှာ နိုင်လိမ့်လို့ ယုံကြည်တယ်ခင်ဗျ။

မေး - နောက်တခုက ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဘယ်လောက် ရှိလဲ။
ဖြေ - လက်ရှိ ကျနော်က ကျူရှင် လုပ်ငန်း လုပ်တယ်လေ၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် အများကြီး အလေးထား ပြင်ဆင်ထားတာ ရှိပါတယ်။ အခက်အခဲတွေကတော့ ရှိမှာပဲလေ၊ ဒါတွေကို တွန့်ဆုတ်လို့မရဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမှာပဲလေ။

မေး -၂၀၁၅ ကိုယ်စားလှယ်တွေတုန်းကလို အလွယ်တကူပဲ အနိုင်ရမယ်လို့ ခန့်မှန်း ကြည့်လား။
ဖြေ - အမေစုရဲ့ နယ်မြေဖြစ်တဲ့အတွက် နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013