DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ကုန်တိုက်စက်လှေကားပေါ်က ပြုတ်ကျပြီး အမျိုးသား ၁ ဦး သေဆုံး
DVB
·
November 27, 2016
ဘန်ကောက်တွင် ကုန်တိုက်စက်လှေကားပေါ်က ပြုတ်ကျပြီး အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

နိုဝင်ဘာလ ၂၅ ရက်နေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စီရမ်ပယ်ရဂွန် ဈေးဝယ်စင်တာကြီးရဲ့ စက်လှေကားပေါ်ကနေ လူတယောက်ပြုတ်ကျခဲ့ပြီး အဲဒီလူ သေဆုံးသွားတယ်လို့ ရဲက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ဆမ်ရက်ဆန်သီရာပစ်တီကူလ် ၄၄ နှစ်ဟာ သောကြာနေ့ ည ၉ နာရီမှာ စက်လှေကားရဲ့ အထပ် M မှ အထပ် G အထိ ၄ မီတာအမြင့်မှ ရုတ်တရက်ပြုတ်ကျခဲ့တာဖြစ်ပြီး သူဘာလို့ပြုတ်ကျခဲ့လည်းဆိုတာတော့ ရှင်းရှင်းလင်းမသိရသေးပါဘူး စက်လှေကားပေါ်က ပြုတ်ကျတဲ့ ဘန်ကောက်မြို့သားဟာ ဦးနှောက်နဲ့အဆုတ်တွေမှာ ဒဏ်ရာရခဲ့ပြီး ဘယ်လက်လည်း ကျိုးခဲ့ပါတယ် ဒီဒဏ်ရာတွေကို ကုသဖို့ ရဲဌာနအထွေထွေဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ် စည်ကားအဆင်မြင့်တဲ့ ဈေးဝယ်စင်တာထဲမှာ ဒီအခင်းဖြစ်မှုအပေါ် ဈေးဝယ်သူတွေလည်း အထိတ်တလန့် ဖြစ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်ရဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ သတင်းမှာ ဖော်ပြထားတာပါ။

တော်ဝင်ထိုင်းရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးခရစ်စနပက်တနာချရွန်က စက်လှေကားပေါ်က ပြုတ်ကျသူ ဆမ်ရက်ဟာ နိုဝင်ဘာလ ၂၆ ရက် မနက်အစောပိုင်းမှာ သူရခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ရဲတွေက ဈေးဝယ်စင်တာရဲ့လုံခြုံရေး ကင်မရာတွေကို စစ်ဆေးကြည့်ရှုခဲ့ကြပြီး ဒီပြုတ်ကျမှုမှာ အခြားလူတဦး ပါဝင်ပတ်သက်နေတာမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။
ဒီလူ ဘာကြောင့် ပြုတ်ကျသေဆုံးတယ်ဆိုတာကို အတိအကျ သိနိုင်ဖို့ မှုခင်းဆိုင်ရာ ခန္ဓာကိုယ်ခွဲစိတ် စစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013