DVB Logo
Home
မြန်မာသတင်း
ဂျပန်ဝန်ကြီးချုပ်ကတော်နှင့် မြန်မာသံရုံးတို့ ဦးစီးကျင်းပသည့် ၂၀၁၆ မြန်မာပွဲတော်
DVB
·
November 26, 2016
ဂျပန်ဝန်ကြီးချုပ်ကတော်နှင့် မြန်မာသံရုံးတို့ ဦးစီးကျင်းပသည့် ၂၀၁၆ မြန်မာပွဲတော်
1 / 13
Donate to DVB

ဂျပန်ဝန်ကြီးချုပ်ကတော် အခိ အာဘေးစံနဲ့ တိုကျိုမြန်မာသံရုံးက ဦးစီးကျင်းပတဲ့ ၂၀၁၆ မြန်မာပွဲတော်ကို တိုကျိုမြို့ရဲ့ အထင်ကရ ZOJOJI ဘုန်းတော်ကြီး ကျောင်းမှာ နိုဝင်ဘာ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ပွဲတော်ကို ZOJOJI ဘုန်းတော်ကြီးကဖွင့်လှစ်ပေးခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စအခိ အာဘေးနဲ့ မြန်မာသံအမတ်ကြီးဦးသူရိန်သန့်ဇင် တို့က ဖွင့်လှစ်အမှာစကားပြောကြားခဲ့ကာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ဖိတ်ကြားထားတဲ့ နိုင်ငံတကာသံတမန်များနဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၆နှစ်ပွဲတော်မှာ ထူးခြားတာကတော့ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စအခိ အာဘေး ဦးစီးတဲ့မြန်မာနိုင်ငံအတွင်းက ဘုန်းတော်ကြီး သင်စာသင်ကျောင်း ၃၀ ကျော်က ရွေးချယ်ထားတဲ့ ကလေး ၁၀ ဦးကို ဖိတ်ခေါ်ကာ ဂျပန်နိုင်ငံမှာ ပညာရေးဆိုင်ရာနဲ့ အထွေထွေ ဗဟုသုတရရှိဖို့ လေ့လာစေမှာဖြစ်ပါတယ်။

စတုတ္ထအကြိမ်မြောက်ကျင်းပတဲ့ မြန်မာပွဲတော်မှာ ဂျပန်-မြန်မာလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်း ဆိုင်ရာ ပြခန်း၊ မြန်မာ့ရိုးရာ အသုံးအဆောင်၊ ရိုးရာအစားအစာဆိုင် မြန်မာ့ရိုးရာ အဆိုအက ဖော်ဖြေမှုတွေနဲ့ အထူးစည်ကားပြီး ပွဲတော်နဲ့အတူ နှစ်စဉ်ကျင်းပနေတဲ့ ဓာတ်ပုံပြိုင်ပွဲ ပထမဆုကိုတော့ မြန်မာနိုင်ငံက ဓာတ်ပုံပညာရှင် ပိုင်သက်ခိုင်ရဲ ပြိုင်ပွဲဝင်ဓာတ်ပုံက ဆွတ်ခူးခဲ့ပါတယ်။

တိုကျို-မြန်မာပွဲတော်ကို နိုဝင်ဘာ၂၆နဲ့၂၇ ရက် ၂ ရက်တိုင်ကျင်းပမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဂျပန်နဲ့မြန်မာ ၄ သောင်းနီးပါး လာရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013