DVB Logo
Home
မြန်မာသတင်း
ယာဉ်တိုက်မှုတွင် သေဆုံးသူ ၂ ဦး ၁၀ ရက်ကျော်ကြာသည့်ထိ ပိုင်ရှင်မပေါ်သေး
DVB
·
November 26, 2016
ယာဉ်တိုက်မှုတွင် သေဆုံးသူ ၂ ဦး ၁၀ ရက်ကျော်ကြာသည့်ထိ ပိုင်ရှင်မပေါ်သေး
Donate to DVB

တိုက်ကြီးမြို့နယ် ဥက္ကံမြို့သိမ်ကုန်းကျေးရွာ ရန်ကုန်ပြည်ကားလမ်းမပေါ်တွင် နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲက ကားနဲ့ ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသား ၂ ဦး သေဆုံးမှုမှာ အခုအချိန်ထိသေဆုံးသူ ၂ ဦးမှ နာမည်နေရပ်လိပ်စာနဲ့ အလောင်းပိုင်ရှင် မပေါ်ပေါက်သေးကြောင်း ဥက္ကံနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဌေးလွင်က ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၆ ခွဲအချိန်က သိမ်ကုန်းကျေးရွာ မိုင်တိုင်အမှတ် (၆၃/၆၄) ကြားမှာ ယာဉ်တိုက်မှုဖြစ်ကြောင်းသိရတဲ့အတွက် သွားရောက်စစ်ဆေးရာ ရန်ကုန်မှပြည်ဘက်သို့ ယာဉ်မောင်း စိုးစိုးမောင်းနှင်လာတဲ့ မင်းလှ-ရန်ကုန်ယာဉ်လိုင်းပြေးဆွဲနေတဲ့ Express ရန်မျိုးအောင်ယာဉ်မှ  အရှေ့ဘက်မှ ထော်လာဂျီယာဉ်ကို ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ အမည်မသိ အသက် ၃၅ နှစ် မောင်းနှင်လာပြီး  နောက်တွင် အမည်မသိ အသက် (၂၈)နှစ် ခန့် အမျိုးသားတဦး စီးနင်းလာတဲ့ ဆိုင်ကယ် ၄၆ ယ ၁၉၄ YAMAHA အနက်အစိမ်းရောင် ဂျပန်လုပ်ဆိုင်ကယ်နဲ့ တိုက်မိခဲ့ပါတယ်။

ဆိုင်ကယ်မောင်းနှင်လာသူ အသက် ၃၅ ခန့် အမျိုးသားမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ အခင်းဖြစ်ပွားရာနေမှာ သေဆုံးခဲ့ပြီး နောက်မှ စီးလာသူ အသက် ၂၈ နှစ်ခန့် အမျိုးသားမှာ ဝဲယာဒူးခေါင်း ပေါက်ပြဲသွေးထွက် ဒဏ်ရာဝဲခြေချင်းဝက်ပေါက်ပြဲသွေးထွက် ဒဏ်ရာ သတိလစ်မေ့မြော ဒဏ်ရာတွေနဲ့ (စိုးရိမ်ရ)ဒဏ်ရာရရှိပြီး ဥက္ကံဆေးရုံမှ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ လွဲပြောင်း ဆေးကုသမှု ခံယူနေစဉ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

မဆင်မခြင်ရမ်းမောင်းနှင်မှု (သို့မဟုတ်) ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း စိုးစိုးကို ယာဉ်(ပ)၃၉/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ၃၃ဂ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး သေဆုံးသူတွေ ပိုင်ရှင်ပေါ်ပေါက်ရေးအတွက် နီးစပ်ရာ ရဲစခန်းတွေကို ဓာတ်ပုံပို့ပေး ထားကြောင်းလည်းကောင်း အမှုအားစစ်ဆေးတဲ့ ဒုရဲအုပ် ဌေးလွင်က ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013