DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်
DVB
·
November 26, 2016
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တနိုင်ငံလုံးလစ်လပ်နေရာ ၁၉ ခုရှိပြီး ၁၈ ခုက ကိုယ်စားလှယ်လောင်းများကို ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဒီတကြိမ် ကိုယ်စားလှယ် လောင်း ရွေးချယ်ရာမှာ အောက်ခြေကတင်လာတဲ့သူ ၉၉ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပြောပါတယ်။

“‘ဒီတကြိမ်ကတော့ အခြေခံမြို့နယ်ကနေ ရွေးပေးရတာ၊ ရွေးပေးတာကို ပြုပြင်တာကတော့ ခရိုင်တို့ တိုင်းတို့က လုပ်ရတာပေါ့။ နောက်ဆုံး ဗဟိုက ရွေးတယ်။ အခုနောက်ဆုံး ဒီစာရင်းက ဆိုရင် အောက်ခြေက တင်လာတဲ့ဟာက ၉၉ ရာခိုင်နှုန်း၊ ကျနော်တို့ တယောက် နှစ်ယောက်လောက်ပဲ ပြင်တယ်။”

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက်စာရင် ပိုပြီး သတိထား ရွေးခွင့်ရခဲ့တယ်လို့လည်း ပြောပါတယ်။

ကြားဖြတ်အတွက် ကိုယ်စားလှယ်တယောက် ရွေးချယ်ထုတ်ပြန်ဖို့ ကျန်ရှိနေပြီး အချက်အလက် မပြည့်စုံလို့ စိစစ်နေတုန်း ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း လစ်လပ်တဲ့မဲဆန္ဒနယ်မြေတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်လည်း ပါဝင်ပြီး ကြားဖြတ်အတွက် ပါတီက ရွေးချယ်ထုတ်ပြန်လိုက်သူဟာ ၁၉၉၀ ကော့မှူး ရွေးကောက်ခံကိုယ်စားလှယ်၊ စာရေးဆရာ မြောင်းမြဘဆွေရဲ့ သားဖြစ်သူ ဦးကျော်ဆွေဝင်း ဖြစ်ပါတယ်။

သူက သူ လုပ်ဆောင်ခဲ့တဲ့ ပါတီတာဝန်တွေကြောင့် အခုလို သူ့ကို ကိုယ်စားလှယ်အဖြစ် ရွေး တယ်လို့ ဆိုပါတယ်။
“၈၈ အရေးတော်ပုံကတည်းက နိုင်ငံရေးထဲမှာ ကျောင်းသားတယောက်အနေနဲ့ ပါဝင်ခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း အဖေ့ကို အောင်နိုင်ရေးအတွက် ၀ိုင်းပြီးတော့ ကူညီခဲ့တယ်။ နောက်ပိုင်းမှာလည်း ပါတီမှာ လူငယ်ပါတီတာဝန်ခံအဖြစ် လုပ်ခဲ့တယ်။ ဒီသမိုင်းကြောင်းတွေအရ ကျနော့်ကို ရွေးတယ်လို့ ယူဆတယ်။ တိုင်းပြည်အတွက် ကျနော့်အဖေ မပြီးပြတ်ခဲ့တဲ့ နေရာလေးကို ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ချင်တယ်ပေါ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ ကျနော်က ကော့မှုး ခေါ်တဲ့အခါ ကျနော် ၀င်င်္ပြီး လျှောက်ခဲ့တယ်။”

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းစာရင်း ပထမဆုံး ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013