DVB Logo
Home
မြန်မာသတင်း
မြန်မာသံရုံးတွင် ဗုံးထောင်မည့်စစ်သွေးကြွ ၁ ဦး အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းမိ
DVB
·
November 26, 2016
မြန်မာသံရုံးတွင် ဗုံးထောင်မည့်စစ်သွေးကြွ ၁ ဦး အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းမိ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ အစိုးရအဆောက်အဦတွေနဲ့ မြန်မာနိုင်ငံသံရုံးကို နောက်လမှာ ဗုံးထောင်တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အစ္စလာမ္မစ်စစ်သွေးကြွလို့ သံသယရှိသူ တဦးကို ဗုံးပြုလုပ်တဲ့ပစ္စည်းများစွာနဲ့အတူ အင်ဒိုနီးရှားရဲက ဖမ်းဆီးခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတဦးက ပြောလိုက်ပါတယ်။

သံသယရှိသူ ရီယိုပရီရက်တ်နာဝီဘဝ၊ အသက် ၂၃ ဟာ အိုင်စက်တွေကို ထောက်ခံတဲ့ အင်ဒိုနီးရှားနိုင်ငံက အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆနေကြောင်း ရိုက်တာသတင်းဌာနရဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့သတင်းမှာ ဖေါ်ပြထားတာပါ။

ဖမ်းဆီးရမိတဲ့ ဖောက်ခွဲပစ္စည်းတွေရဲ့ ပမာဏဟာ ၂၀၀၂ ခုနှစ်တုန်းက ဘာလီ နိုက်ကလပ်မှာ လူ ၂၀၂ ဦးကို သေဆုံးစေခဲ့တဲ့ ဗုံးပေါက်ကွဲမှုအင်အားရဲ့ ၂ ဆလောက်ရှိမယ်လို့ ဒေသခံ သတင်းဌာနတွေက သတင်းထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်မှာ စိုက်ပျိုးရေးသိပ္ပံဘာသာကို သင်ယူခဲ့ပြီး အလုပ်လက်မဲ့တဦးဖြစ်သူ ဝီဘဝဟ ဗုံးပြုလုပ်ပုံကို ကိုယ်တိုင်သင်ကြားတတ်မြောက်သူဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းလုံးက နေရာတော်တော်များများကို ဖေါက်ခွဲရေးပစ္စည်းတွေ ဖြန့်ဝေဖို့ အစီအစဉ်ဆွဲနေတာလို့လည်း ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ဦးဖြစ်တဲ့ ဘွိုင်းရက်ဖ်လီအေမာက ပြောခဲ့တာပါ။

ဒီနှစ်ထဲမှာ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)နဲ့ဆက်စပ်တဲ့တိုက်ခိုက်မှု အတော်များများ အင်ဒိုနီးရှားနိုင်ငံထဲမှာ ဆက်တိုက်ဖြစ်ခဲ့ပြီး အဲ့ဒီအထဲက အကြီးဆုံးတခုကတော့ ဒီနှစ် ဇန်နဝါရီလမှာ လူ ၄ ဦး သေဆုံးခဲ့တဲ့ မြို့တော် ဂျကာတာ ဗုံးပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ အစွန်းရောက်တွေ ပြန်ပေါ်လာတာကို စိုးရိမ်နေပြီး၊ အင်ဒိုနီးရှားနိုင်ငံမှာ အိုင်အက်စ်တွေကို ထောက်ခံတဲ့သူ ရာဂဏန်းရှိကြောင်းလည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘဂါင်္လီမူဆလင်တွေကို ဖြိုခွဲခဲ့လို့ အရှေ့တောင်အာရှ မူဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ဒေါသအကြီးအကျယ်ဖြစ်ပြီး သိတ်မကြာသေးခင်က ဂျကာတာမြို့အပါအဝင် မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013