DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၌ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေ
DVB
·
April 27, 2026
ယင်းမာပင် စစ်ဘေးရှောင်ပုံဟောင်းများ။ (Photo: CJ )
ယင်းမာပင် စစ်ဘေးရှောင်ပုံဟောင်းများ။ (Photo: CJ )
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင်တပ်က ဧပြီ ၂၅ ရက် မနက်ပိုင်းက စတင်ပြီး ဧပြီ ၂၆ ရက်‌အထိ စစ်အင်အားအများအပြား ဖြည့်တင်းနေပြီး စစ်ကြောင်ထိုးဖို့ ပြင်ဆင်နေလို့ အနီးအနားက ရွာသားတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုံရွာနမခစစ်တပ်အတွင်းကနေ အောင်ဇယျမြို့သစ်ခေါ် ရွှေတောင်ဦးကုန်းကနေတဆင့် ဘန့်ဘွေးရွာကို ၂ ရက်တာ အင်အားအများအပြား ဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

ဒေသခံ ထန်းဇင်ရွာသားတယောက်က “အင်အား ၄၀၀ အထက်မှာ ရှိလိမ့်မယ် ထင်တယ်ဗျ။ ကနဦး ၂၅ ရက်နေ့က စစ်ကြောင်းက ဘန့်ဘွေးပျူရွာကနေ အနောက်ဘက် ကံစုရွာကို စစ်ကြောင်းစထိုးတယ်။ ပြည်သူ‌တွေရဲ့ ပစ္စည်းတွေယူပြီး ဘန့်ဘွေးရွာကို ပြန်သယ်သွားတယ်။ ၂၆ ရက်နေ့မှာ ကံစုရွာကို ထပ်ပြီး စစ်ကြောင်းထိုး တပ်စွဲနေတယ်။‌ နောက်ပြီး နမခကနေ ၂၆ ရက်နေ့မှာလည်း ဘန့်ဘွေးပျူရွာဘက်ကို အင်အားထပ်ဖြည့်တာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။

အခုလို စစ်တပ်ဘက်က အင်အားဖြည့်တင်းနေတာကြောင့် ထန်းဇင်ရွာ၊ တ‌ရော်ကျင်းရွာ၊ ကံစုရွာ၊ စည်‌လောင်ရွာနဲ့ မယ်စောတောတိုက်၊‌ ရေသောက်ကန်တောတိုက်က ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ယင်းမာပင်နယ်မှာတော့ အခုရက်ပိုင်းမှာ စစ်ကြောင်းက ၄ ကြောင်းရှိတယ်။ နဘူးတောရွာမှာ တကြောင်း၊ ကံစုရွာမှာ တကြောင်း၊ ရင်ပေါင်တိုင်မှာ တကြောင်း၊ ဆင်စွယ်ရွာမှာ တကြောင်းပေါ့။ ဖမ်းမိတဲ့ အရပ်သားတွေကို သတ်တာတွေရှိတယ်။ ကံစုရွာက ရွာသားတချို့ ဖမ်းဆီးခံထားရတာတွေ ရှိသလို ပုလဲနယ်ဘက် စစ်ဘေးရှောင်သွားရင် ဆင်စွယ်ရွာမှာလည်း စစ်တပ်စစ်ကြောင်းနဲ့ တွေ့လို့ ပြည်သူ ၆၀ ကျော် ဓားစာခံအဖြစ် အဖမ်းခံထားရတာတွေလည်း ရှိနေတယ်။ ပြည်သူ‌တွေအနေနဲ့ စစ်တပ်စစ်ကြောင်းရန်ကနေ လွတ်ရာကို ရှောင်တိမ်းကြဖို့ပဲ ပြောချင်ပါတယ်။”

ယင်းမာပင်မြို့နယ်ထဲကို စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကြောင်းတွေဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေ၊ တပ်မ ၉၉ က တပ်ဖွဲ့တွေနဲ့ ရဲအထူးကွန်မန်ဒိုတွေလည်း ပါဝင်နေတယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ထပ်မံပြောပါတယ်။

ယင်းမာပင်ခရိုင်အတွင်းမှာ စစ်တပ် ဧပြီ ၂၃ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ မြို့နယ် ၈ ခုထဲမှာ ပုလဲမြို့နယ်နဲ့ ကနီမြို့နယ် ပါဝင်ခဲ့ပြီး အဆိုပါ မြို့နယ် ၂ ခုကို ထိုးစစ်ဆင်နိုင်ဖို့ ယင်းမာပင်မြို့နယ်ကနေ အင်အားအလုံးအရင်း ဖြည့်တင်းနေတာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013