DVB Logo
Home
မြန်မာသတင်း
Black Friday လျော့ဈေကြောင့် ကုန်တိုက်များတွင် လုယက်ဈေးဝယ်သူချင်း ရန်ဖြစ်တိုက်ခိုက် (ရုပ်သံ)
DVB
·
November 26, 2016
Black Friday လျော့ဈေကြောင့် ကုန်တိုက်များတွင် လုယက်ဈေးဝယ်သူချင်း ရန်ဖြစ်တိုက်ခိုက် (ရုပ်သံ)
Donate to DVB

အမေရိကန်နိုင်ငံရဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ Black Friday နေ့မှာ နိုင်ငံအဝှမ်းက ကုန်တိုက်တွေမှာ ဈေးတွေအဆမတန်ချလို့ ဈေးဝယ်သူအချင်းချင်း လုဝယ်ကြရင်း ရန်ဖြစ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

အမေရိကန်နိုင်ငံရဲ့ ကျေးဇူးတော်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ညမှာ JCPenney စတိုးဆိုင်အနီး ရန်ဖြစ်တိုက်ခိုက်မှု ရုတ်တရက်စတင်ဖြစ်ပွါးခဲ့ပြီး အမတန်လူစည်ကားလှတဲ့ မိုဒက်စတိုမြို့က ကုန်တိုက်တစ်ခုထဲမှာ ဈေးဝယ်သူ လူအုပ်စုတွေအချင်းချင်း ရန်ဖြစ်တိုက်ခတ်ခဲ့ကြရာကနေ အမေရိကန်နိုင်ငံရဲ့ Black Friday နေ့ဟာ အကြမ်းဖက်မှုအသွင် ကူးပြောင်းသွားခဲ့ပါတယ်။

တွီတာနဲ့ ယူကျု့ဗီဒီယိုတွေပေါ်မှာလည်း ဒီအကြမ်းဖက်တိုက်ခိုက်ကြတဲ့ ဗီဒီယိုတွေတင်ထားပြီး အခင်းဖြစ်ပွားတာက မိုဒက်စတိုမြို့က Vintage Faire ကုန်တိုက်မှာ အမေရိကန်နိုင်ငံရဲ့ Black Friday အထိမ်းအမှတ်အဖြစ် ပစ္စည်းတွေစတင်ဈေးချလို့ ဈေးဝယ်စဉ် ဖြစ်ခဲ့တာပါ။

ညနက်ပိုင်းမှာ ဈေးဝယ်ရင်း အုပ်စုကြီးတစ်ခုကနေ ရန်ဖြစ်တိုက်ခတ်ခဲ့ကြတာလို့ ဒီတိုက်ခိုက်မှုကို မျက်မြင်သက်သေတစ်ဦး ဖြစ်တဲ့ ညသန်းခေါင်လောက်မှာ ကုန်တိုက်ကို ရောက်ရှိခဲ့တဲ့ မာကိုဆက်ဘ်စတိန်းက စီအဲန်အဲန်ကို ပြောလိုက်တာပါ။

ဒီရန်ဖြစ်တိုက်ခတ်မှု ဘယ်လိုကစတယ်ဆိုတာ မသိဘူးလို့ ဆက်ဘ်စတိန်းက ပြောလိုက်ပြီး နောက်ဆုံးမှာ ဒီရန်ပွဲကို လုံခြုံရေးတွေက ထိန်းချုပ်တားမြစ်ခဲ့ရတယ်လို့လည်း ဆက်ဘ်စတိန်းက ပြောခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ တဦးတယောက်မှ ဒဏ်ရာရခြင်းမရှိဘူး ရဲတွေလည်း လာရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

နောက်အခင်းဖြစ်ပွါးမှု တစ်ခုကတော့ Walmart ကုန်တိုက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကိုလည်း ဗီဒီယိုရုပ်သံထဲမှာ မြင်တွေ့ရမှာပါ။

အမေရိကန်နိုင်ငံရဲ့ Black Friday နေ့ဟာ ဈေးဝယ်ထွက် အများဆုံးနေ့တွေထဲက တစ်နေ့ဖြစ်ပါတယ် ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေကစလို့ ဒီလိုနှစ်စဉ် ဈေးချရောင်းပေးတဲ့ရက်တွေကို ပိုမိုတိုးလိုက်တယ်လို့လည်း သိရပါတယ် Vintage Faire အပါအဝင် စတိုးဆိုင်တော်တော်များများမှာ ဒီဈေးချတဲ့ ဈေးရောင်းပွဲကို ကြာသာပတေးနေ့ ကျေးဇူးတော်နေ့ညက စတင်ခဲ့ပြီး စနေတနင်္ဂနွေပိတ်ရက်ထိ ဆက်လက်ရောင်းချမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013