DVB Logo
Home
မြန်မာသတင်း
အဝတ်လျှော်စက်ထဲ ညှပ်မိနေသည့် ၂ နှစ်အရွယ်ကလေးငယ်အား ကယ်ဆယ် (ရုပ်သံ)
DVB
·
November 26, 2016
အဝတ်လျှော်စက်ထဲ ညှပ်မိနေသည့် ၂ နှစ်အရွယ်ကလေးငယ်အား ကယ်ဆယ် (ရုပ်သံ)
Donate to DVB

တရုတ်နိုင်ငံမှာ အဝတ်လျှော်စက်ထဲ ညှပ်မိနေတဲ့ ၂ နှစ်အရွယ် ကလေးငယ်အား ကယ်ဆယ်သည့် ဗီဒီယိုရုပ်သံ ထွက်ပေါ်လာပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း ရှီဆူရှန်မြို့တွင် ၂ နှစ်အရွယ် ကလေးငယ် နိုဝင်ဘာလ ၁၆ ရက်နေ့က အိမ်မှာကစားရင်း အဝတ်လျှော်စက်ထဲ ညှပ်မိနေတာကို မီးသတ်သမားက ကယ်တင်ခဲ့ရပါတယ်။

ကလေးရဲ့ ခေါင်းနဲ့လက်တွေကလွှဲရင် တကိုယ်လုံး အဝတ်လျှော်စက်ထဲမှာ ညှပ်နေလို့ မီးသတ်သမားက ကလေးကို ထုတ်လို့ရအောင် အဝတ်လျှော်စက်ကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပြစ်ခဲ့ရပါတယ်။ အဝတ်လျှော်စက်ကို အပိုင်းပိုင်းဖြတ်ရင်း ကလေးငယ်က စက်အတွင်းက ပြွန်ထဲမှာ ညှပ်မိနေတာကို သိခဲ့ရတာပါ။ အဲ့ဒီနောက် မီးသတ်သမားတွေက လျှော်စက်ထဲက ပြွန်ကို ဖြတ်ပြစ်ပြီး ကလေးကို ကယ်ခဲ့ရတယ်လို့ သိရပါတယ်။

ကလေးငယ်ကို ကယ်ဆယ်နေတဲ့ဗီဒီယိုရုပ်သံကို စီစီတီဗီရဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ သတင်းမှာ ပြသခဲ့တာပါ မီးသတ်သမားက အဝတ်လျှော်စက်ကို ဖြတ်ပြစ်ပြီး ကယ်ဆယ်နေပုံကိုလည်း ဗီဒီယိုရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။

The People’s Daily ရဲ့သတင်းအရ တရုတ်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း မတော်တဆဖြစ်မှုတွေက ရရှိတဲ့ဒဏ်ရာတွေကြောင့် ကလေးငယ်ပေါင်း ၂ သိန်းကျော် သေဆုံးနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013