DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ခရိုင်ဥက္ကဋ္ဌတို့၏ အယူခံပယ်ချခံရ
DVB
·
November 25, 2016
ရှမ်းပြည်နယ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ခရိုင်ဥက္ကဋ္ဌတို့၏ အယူခံပယ်ချခံရ
Donate to DVB

ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တောင်ကြီးခရိုင်ဥက္ကဋ္ဌတို့ ၂ ဦးရဲ့ အယူခံလွှာကို ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပယ်ချလိုက်ပါတယ်။

တာဝန်က အနားပေးခံရတဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး တို့ရဲ့ အယူခံလွှာကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ပယ်ချလိုက်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“တောင်ကြီးအမှုက အယူခံ ၃ခု ရှိတယ်၊ဒေါ်ခင်မိုးမိုးရယ်၊ တင်မောင်တိုးရယ်ကတော့ အယူခံ ပလပ်လိုက်တယ်၊သူတို့ ရှူံးသွားတယ်ပေါ့။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်ကတော့ သူတို့ အယူခံလွှာကို လက်ခံလိုက်တယ်၊အရင် တာဝန် ပြန်ပြီးတော့ပေးအပ်မှာပေါ့၊”

ဒီကနေ့ အစည်းအဝေးမှာ ၂၀၁၇ မှာပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်မယ်လို့ သိရပါတယ်။

ပြည်နယ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပေးဖို့ စက်တင်ဘာလဆန်းက ရှမ်းပြည်နယ် ကို ဦးဝင်းထိန် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း၊ ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့အား ရာထူးလျှော့ချတာတွေပြုလုပ်ခဲ့ပါတယ်။
အယူခံခုံရုံးအဖွဲ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ကိုအပေါ် ကျေနပ်မှုမရှိခဲ့ပါက မကျေနပ်တဲ့ဘက်အနေနဲ့ ပါတီ စည်းကမ်းအတိုင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ အယူခံထပ်တင်ခွင့်ရှိတယ်လို့ အယူခံခုံရုံးအဖွဲ့ဝင် ဦးကျော်ဟိုးက ပြောဆိုဖူးပါတယ်။

အယူခံခုံရုံးအဖွဲ့ကိုတော့ မန္တလေးတိုင်းဒေသကြီး NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး၊ ဥပဒေတရားလွှတ်တော်ရှေ့နေ NLD ဗဟိုအထောက်အကူပြု အဖွဲ့ဝင် ဦးကျော်ဟိုးနဲ့ ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့တို့က ဆောင်ရွက်ခဲ့ကြတာပါ။

ရှမ်းပြည်နယ် ဒီချုပ်ပါတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါ်ခင်မိုးမိုးဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်နယ်အောင်နိုင်ရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မှု မရှိဘူးဆိုကာ အရေးယူခဲ့တာပါ။

တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးတင်မောင်တိုးကိုတော့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာကြောင့် အရေးယူခဲ့တာပါ။

ဒီကနေ့မနက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာကျင်းပတဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဇော်အေးမောင်၊ ဒေါက်တာအောင်မိုးညို၊ မန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း၊ ဦးညီပု၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့်စတဲ့ ဗဟိုအလုပ်အမှုဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013