DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ၃ နေရာပေါက်ကွဲမှု တပုံစံတည်းဖြစ်နေ၊ ရဲတပ်ဖွဲ့ အပူတပြင်းစုံစမ်း
DVB
·
November 25, 2016
ရန်ကုန် ၃ နေရာပေါက်ကွဲမှု တပုံစံတည်းဖြစ်နေ၊ ရဲတပ်ဖွဲ့ အပူတပြင်းစုံစမ်း
Donate to DVB

ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ၃ ခုလုံး တပုံစံတည်းဖြစ်နေပြီး တရားခံကိုဖမ်းဆီးရ မိဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အပူတပြင်းစုံစမ်းနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအပါအဝင် မရမ်းကုန်းမြို့နယ် Ocean Center နဲ့ သာကေတမြို့နယ် Capital Hypermarket တို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတို့နဲ့ ဖြစ်စဉ်တူညီနေပြီး ပြစ်မှုကျူးလွန် သူတွေကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မနေ့မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနရုံးမှာ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့တဲ့အပြင် မပေါက်ကွဲသေးတဲ့ အချိုရည်ပုလင်း တလုံးထပ်တွေ့လို့ ဖောက်ခွဲဖျက်စီး လိုက်ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

ဒီပေါက်ကွဲမှုဖြစ်စဉ်တွေမှာ လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013