
အမေရိကန်သမ္မတ အိုဘားမားဟာ သူ့ရဲ့ သမ္မတသက်တမ်းလက်ကျန်အချိန်ရဲ့ နောက်ဆုံးအနေနဲ့ ကြုံရမယ့် ကျေးဇူးတော်ချီးမွမ်းပွဲနေ့အတွက် လျာထားခဲ့တဲ့ ကြက်ဆင် ၂ ကောင်ကို ငြင်းပယ်ဘေးမဲ့ပေးခဲ့ပါတယ်။
တိတ်တာနဲ့ တော့တ်အမည်ရတဲ့ ၁၈ လသားအရွယ်ကြက်ဆင် ၂ ကောင်ဟာ အ လေးချိန်ပေါင် ၄၀ ရှိပြီး သမ္မတအိမ်ဖြုတော်မှာ ကျင်းပမယ့် ကျေးဇူးတော်ချီးမွမ်းပွဲနေ့မှာ စားသောက်နိုင်ဖို့ လျာထားခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒါဟာ အိမ်ဖြူတော်မှာနောက်ဆုံးအကြိမ်အဖြစ်ကျင်းပခွင့်ရရှိတော့မယ့် အချိန်မှာ ခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီကြက်ဆင် ၂ ကောင်ဟာ ဗာဂျီးနီးယားနည်းပညာတက္က သိုလ်နယ်မြေထဲမှာ ကြီးပြင်းခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမားဟာ လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာတော့ အမေရိကန် သမ္မတလောင်းအဖြစ်ရွေးချယ်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ကို ရာထူးလွှဲပြောင်းပေးရတော့ မှာပါ။
“ဒီ ကြက်ဆင် ၂ ကောင်ကို ဘေးမဲ့လွှတ်မပေးခင် ကျနော့်ကို စကားအနည်းငယ် ပြောခွင့်ပြုပါ။ ခုလို ကျေးဇူးတော်ချီးမွမ်းပွဲကာလမှာ ပြီးခဲ့တဲ့ ၈ နှစ်တာကာလလုံး ကျနော့် ကို ဒီနေရာမှာ ရှိနေခွင့်ပေးခဲ့ပြီး မိသားစုဝင်တွေကိုပါ နွေးထွေးကြင်နာစွာ ဆက်ဆံခဲ့ကြ တဲ့ အမေရိကန်နိုင်ငံသားတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ မီရှဲလ်နဲ့ ကျနော့် ယောက္ခမအပါအ၀င် သမီးတွေရဲ့ ကိုယ်စား အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်”လို့ အိုဘားမားက ပြောပါတယ်။
တိတ်တာနဲ့ တော့တ်တို့ဟာ ဗာဂျီးနီးယားနည်းပညာတက္ကသိုလ် တိရစ္ဆာန်နဲ့ မွေး မြူရေးဆိုင်ရာသိပ္ပံဌာနရဲ့ စောင့်ရှောက်မှုနဲ့အတူ ရှင်သန်နေထိုင်နိုင်တော့မှာဖြစ်တယ် လို့ သတင်းမှာ ဖော်ပြပါတယ်။










