DVB Logo
Home
မြန်မာသတင်း
အသားပိုဖုပေါင်း ၆ ထောင်နှင့် ဖားပြုတ်လူသားအမျိုးသမီး(ရုပ်သံ)
DVB
·
November 24, 2016
အသားပိုဖုပေါင်း ၆ ထောင်နှင့် ဖားပြုတ်လူသားအမျိုးသမီး(ရုပ်သံ)
Donate to DVB

ခန္ဒာကိုယ်ပေါ်အနှံ့ အသားပိုဖုပေါင်း ၆ ထောင်လောက်ရှိနေသူ အမေရိကန်နိုင်ငံမှ အမျိုးသမီးတဦးကို လူအများက ဖားပြုတ်လူသားအမျိုးသမီးဆိုပြီး အနိုင်ကျင့်စနောက် ခံနေရပါတယ်။

အသက် ၄၄ နှစ်အရွယ် အယ်လစ်ဇဘက်ဘ် ဟပ်ဖ်ဖာဟာ အမေရိကန်နိုင်ငံ၊ အင် ဒီယားနားပြည်နယ်မှာနေထိုင်တာဖြစ်ပြီး သူ့ရဲ့အသက် ၅ နှစ်အရွယ်ကတည်းက Neurofibromatosis (NF) type 1 ရောဂါကို ခံစားနေခဲ့ရတာဖြစ်တယ်လို့ မေရာသတင်း တပုဒ်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ အင်္ဂလိပ်နာမည် Elizabeth နဲ့ ကာရန်တူလိုက်ပြီး လူတွေ က Lizard Breathလို့တမျိုး၊ ဖားပြုတ်လူသားစသဖြင့် ခေါ်ဝေါ်လှောင်ပြောင်နေကြတဲ့ အတွက် လစ်ဘီလို့ နာမည်ပြောင်းလိုက်ပါတယ်။

အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာနေထိုင်တဲ့ အယ်လစ်ဇဘက်သ်ဟာ အိမ် ထောင်ရှင်တဦးဖြစ်ပြီး ၁၉၉၃ ခုနှစ် ကိုယ်ဝန်ဆောင်ချိန်မှာ အခြေအနေဟာ ပိုမိုဆိုးဝါး လာခဲ့တယ်လို့ ဆိုပါတယ်။

ရောဂါကြောင့် ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ကာ ခန္ဒာကိုယ်အနှံ့မှာ အသားပိုအဖု တွေ ထွက်လာခဲ့ပေမယ့် ဒါဟာ ကင်ဆာရောဂါနဲ့တော့ မဆက်စပ်ဘူးလို့ ဆိုပါတယ်။

သူဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဘ၀တလျှောက်လုံးမှာ ခုလိုအခြေ အနေနဲ့ နေထိုင်ခဲ့ရပြီး ခွဲစိတ်ကုသမှု ၁၀ ကြိမ်လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့် ခုချိန်မှာတော့ သူဟာ အများအလယ်မှာ သူ့ခန္ဒာကိုယ်ကို အရှိအတိုင်း ပြသပြီး ရဲရဲရင်ဆိုင်နေခဲ့ပါပြီ။
“ကျမဘ၀တလျှောက်လုံးမှာ စနောက်အနိုင်ကျင့်ခံခဲ့ရတာပါ။ အသားပိုဖုတွေက ကျမရဲ့ ခေါင်းကနေ ခြေဖျားအဆုံးထွက်နေခဲ့တာလေ။ သက်တမ်းတလျှောက်လုံးမှာ ကျ မဟာ ဘောင်းဘီရှည်တွေ၊ ကျမခန္ခာကိုယ်ကို ဖုံးထားနိုင်မယ့် လည်ပင်းအထိဆွဲစေ့ဝတ် ဆင်နိုင်မယ့် အ၀တ်အစားတွေကို ၀တ်ဆင်ခဲ့ရတာပါ။ ဒါပေမယ့် ခုတော့ ကျမဒါကို လက် လျှော့မှာမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ”လို့ အယ်လစ်ဇဘက်သ်က ပြောပါတယ်။

ခွဲစိတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီးနောက် လက်ရှိမှာတော့ သူဟာ ခန္ဒာကိုယ်ပေါ်က အသားပိုတွေကို Electrodessication Surgery နည်းလမ်းနဲ့ ဖယ်ထုတ်ကုသနိုင်မယ်လို့ မျှော်လင့်နေတာပါ။
အချိန် ၅ နာရီကြာမြင့်မယ့် ဒီကုသမှုအတွက် ကုန်ကျငွေအမေရိကန်ဒေါ်လာ ၂၃၅၀၀ ကျသင့်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013