DVB Logo
Home
မြန်မာသတင်း
အမျိုးသားနေ့ရည်မှန်းချက်တွေ အောင်မြင်ရန် ငြိမ်းချမ်းရေးရဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်း တိုက်တွန်း
DVB
·
November 24, 2016
အမျိုးသားနေ့ရည်မှန်းချက်တွေ အောင်မြင်ရန်  ငြိမ်းချမ်းရေးရဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်း တိုက်တွန်း
Donate to DVB

အမျိုးသားနေ့ ဦးတည်ချက်နဲ့ ရည်မှန်းချက်တွေ ရရှိဖို့ အရေးကြီးဆုံးလိုအပ်ချက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ရေးဖြစ်ကြောင်း သူရဦးရွှေမန်း ဖေ့ဘွတ်ခ်မှာ ဒီနေ့ တိုက်တွန်း ဖော်ပြပါတယ်။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြည်သူတွေ ငြိမ်းချမ်းရေး ရလိုကြောင်း၊ ငြိမ်းချမ်းရေး စကားတွေ ပြောရင်း တိုင်းရင်းသားပြည်သူတွေ ဒုက္ခနဲ့ အခက်အခဲတွေ ပိုများ လာကြောင်း ဖော်ပြထားပါတယ်။

မြန်မာပြည် ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်ခဲ့ပြီး  လက်ရှိ အချိန်မှာ မြန်မာပြည်မြောက်ပိုင်းတိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြည်တွင်းစစ် အခုလို ရှည်ကြာခဲ့တာဟာ အခြေခံကျတဲ့နိုင်ငံရေးပြဿနာ တွေကို ဆွေးနွေးညှိနိုင်းပြီး အပေးအယူ၊ အလျှော့အတင်းတွေ ပြုလုပ်ကာ ဘုံသဘောတူ လက်ခံတဲ့ ဖြေရှင်းချက်တွေ မရှာဖွေတာကြောင့် ဖြစ်တယ်လို့ နိုင်ငံတော် အကြံပေး ဒေါ်အောင်ဆန်းစုကြည်က မနေ့ ထုတ်ပြန်လိုက်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရး ဗဟိုဋ္ဌာနကြေညာချက် အမှတ် ၁/ ၂၀၁၆ မှာ ဖော်ပြခဲ့ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် Nationwide Ceasefire Agreement – NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေသာမက လက်မှတ်ရေးထိုးမထားသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်များပါ ပါဝင်လာဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့က ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013