DVB Logo
Home
မြန်မာသတင်း
မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ကျန်းမာရေးကဏ္ဍဆိုင်ရာ အစည်းအဝေးကျင်းပ
DVB
·
November 24, 2016
မြန်မာအရပ်ဖက်အဖွဲ့အစည်းများ ကျန်းမာရေးကဏ္ဍဆိုင်ရာ အစည်းအဝေးကျင်းပ
1 / 7
Donate to DVB

မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဒုတိယအကြိမ်မြောက် ကျန်းမာရေးကဏ္ဍဆိုင်ရာ အစည်းအဝေးကို ရန်ကုန်မြို့ စကိုင်းစတားဟိုတယ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ၂၃ ရက်နေ့အထိပြုလုပ်ခဲ့ပါတယ်။

အဲဒီ ၃ ရက်လုံး ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက သတင်းစာရှင်း လင်းပွဲကိုပြုလုပ်ခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ် နဲ့ တိုင်း အရပ်ဖက်အဖွဲ့အစည်း အားလုံးရဲ့ကိုယ်စားဖြစ်တဲ့ ပြည်ကြီးခင်အဖွဲ့၊ ရတနာ့မတ္တာ အဖွဲ့၊ မန္တလေးဗြဟ္မစိုရ်အဖွဲ့နဲ့ မြန်မာခရစ်ယန် အသင်းများကောင်စီ အဖွဲ့တွေကနေ ရလာတဲ့အကြံပြုဆွေးနွေးချက်တွေကို ပြောဆိုသွား တာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမျိုးသားအဆင့်ကျန်းမာရေးစီမံကိန်း ငါးနှစ်တာကိုဆွဲနေတာကြောင့် အဲဒီစီမံကိန်းမှာ အရပ်ဘက်အဖွဲ့စည်းတွေရဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာတင်ပြချက်တွေကို တင်ပြနိုင်ဖို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကနေ ရလာတဲ့ မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်၊ ဝန်ဆောင်မှုပိုင်း ဆိုင်ရာအကြံပြုချက်နဲ့ တာဝန်ခံမှု၊တာဝန်ယူမှုအပိုင်းတွေကို အခုလာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိပြုလုပ်မယ့် နေပြည်တော် အမျိုးသားအဆင့်ကျန်းမာရေး စီမံကိန်းဆွေးနွေးပွဲမှာ တင်ပြဆွေးနွေး သွားမှာဖြစ်တယ်လို့ ပြည်ကြီးခင်အဖွဲ့ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဒေါ်နွယ်ဇင်ဝင်းကပြောပါတယ်။

ပထမအကြိမ်ကတော့ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မှာပြုလုပ်တဲ့အခုအစည်းဝေးဆွေးနွေးပွဲမှာ နေပြည်တော်အပါဝင် ပြည်နယ် နဲ့ တိုင်း ၁၅ ခုက နယ်ကိုယ်စားလှယ်တွေ ၁၀၀ ကျော်နဲ့ ရန်ကုန်က ၄၀ ကျော် အားလုံး ၁၅၀ ကျော် တက်ရောက်ကြပြီး အဲဒီအထဲမှာ တိုင်းရင်းသားကျန်းမာရေး အဖွဲ့စည်းတွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013