DVB Logo
Home
မြန်မာသတင်း
မောင်တောနေရပ်စွန့်ခွာသူများကို နိုင်​ငံတကာအန်ဂျီအိုများ ပထမဆုံးအကြိမ် ကူညီပေးခွင့်ရ
DVB
·
November 24, 2016
မောင်တောနေရပ်စွန့်ခွာသူများကို နိုင်​ငံတကာအန်ဂျီအိုများ ပထမဆုံးအကြိမ် ကူညီပေးခွင့်ရ
1 / 8
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင် ယာယီခိုလှုံရေးစခန်းကို ရောက်ရှိနေတဲ့ မောင်တောမြို့နယ်က နေရပ်စွန့်ခွာလာသူတွေကို ကုလသမဂနှင့် နိုင်ငံတကာအန်ဂျီအို  အဖွဲ့တွေက နိုဝင်ဘာ ၂၃ ရက်နေ့မှာ စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လာရောက် ထောက်ပံ့ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) က စောင်၊ ခြင်ထောင်၊ အိုးခွက်ပန်းကန်အစုံ၊ ဖျာ၊ ရေပုံး၊ တာပေါ်လင်စ၊ အဝတ်အစား စတာတွေပါဝင်တဲ့ ပစ္စည်းတွေ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကလေးငယ်တွေအတွက် အာဟာရမှုန့်ထုက်တွေ၊ Malteser International က မိသားစုသုံးပစ္စည်းတွေ အိမ်ထောင်စုတိုင်းကို တိုက်ရိုက် ဖြန့်ဝေပေးခဲ့တာပါ။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်လတ်က အရပ်ဘက်အဖွဲ့အစည်းတွေရော၊ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေရော လာပြီး ကူညီဆောင်ရွက်နေတာရှိပါတယ်။ အလှူရှင်တွေလာ လှူသမျှ ပစ္စည်းတွေကိုလည်း သူတို့လက်ထဲကို အမြန်ဆုံးခွဲဝေပြီး နေထိုင်စားသောက်ရေး အတွက် ကူညီပေးသွားမှာပါလို့ ဒီဗွီဘီကိုပြောပါတယ်။

အခုလို လှူဒါန်းတာဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မောင်တောခရိုင်မှာ တိုင်းရင်းသားနေရပ်စွန့်ခွာသူတွေကို ပထမဆုံးအဖြစ် ပေးအပ်နိုင်တာဖြစ်ပြီး အောက်တိုဘာလထဲမှာ တိမ်းရှောင်လာစဉ်တုန်းက ဒေသခံ ကူညီထောက်ပံ့ရေးလုပ်နေတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကမ်းလှမ်းမှုကို လက်မခံပဲ ငြင်းဆန်ခဲ့ကြတာပါ။

မောင်တောမြို့နယ်က အကြမ်းဖက်မှုတွေကြောင့် တိမ်းရှောင်လာသူတွေကို ဘူးသီးတောင်မြို့မှာ စခန်းဖွင့်လှစ် လက်ခံစောင့်ရှောက်ပေးထားတာ အိမ်ထောင်စု ၃၅ စုက လူဦးရေ ၁၂၅ ယောက်ရှိပါတယ်။

သတင်း၊ဓာတ်ပုံ-ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013