DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
November 24, 2016
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းဖို့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုး ကြပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တန်းတူရည်တူ အမြန်ဆုံး ပါဝင်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ် တိုက်တွန်း လိုက်ပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်းပြီး နိုဝင်ဘာ ၂၃ ရက်က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ရာမှာ အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ကြေညာချက်ထဲမှာ  ‘‘ရှမ်းပြည်နယ်အရှေ့မြောက်ဒေ သတွင် ဖြစ်ပွားနေသောလက်နက် ကိုင် ပဋိပက္ခများအမြန်ဆုံးချုပ် ငြိမ်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရေး၊ NCAတွင်အ မြန်ဆုံးလက်မှတ်ထိုးပြီးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နှစ်ဦး နှစ်ဖက် ချိုးဖောက်မှုများမရှိစေရေးအတွက် စောင့်ကြည့် ဖြေရှင်းသည့် ယန္တရားများပိုမိုခိုင်မာလာစေရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ၀ိုင်းဝန်း ဆွေးနွေးနည်းလမ်းရှာဖွေရေး၊ ပြည်သူအများ မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းရေး ပန်းတိုင်ကိုအရောက်လှမ်းနိုင်ရေး၊ ၂၀၁၇ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တန်းတူရည်တူပါဝင်နိုင် ရေးစသည်တို့ကို ရှေးရှုလျှက်ငြိမ်းချမ်းရေးခရီးကို အတူတကွလက်တွဲ၍ လျှောက်လှမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်’’လို့ ဖော်ပြထားပါတယ်။

NCAမထိုးသေးဘဲ ရှမ်းမြောက်တိုက်ပွဲများမှာ ပါဝင်နေတဲ့  လက်နက်ကိုင်အဖွဲ့များကို ရည်ရွယ်ပြီး အခုလို့ကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ကြေညာချက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ  ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါ ၀င်နိုင်ရေးအတွက် ငြိမ်းချမ်းရေး တံခါးများအစဉ်အမြဲဖွင့်လှစ်ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေးအတွက် ကြိုဆိုဖိတ်ခေါ်လျက်ရှိတယ်။

လက်နက်ကိုင်ပဋိပက္ခ ရပ်ဆိုင်းနိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးရန်လိုအပ်တယ်။

အစိုးရအနေနဲ့  ရှမ်းပြည်နယ်အပါအ၀င် ပြည်ထောင်စုတ၀န်းလုံး တည်ငြိမ်အေးချမ်းပြီး မူလ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိစေရန် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက် သွားမယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ ခေတ်အဆက်ဆက်  မျှော်လင့်တောင့်တခဲ့ရတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အာရုံစိုက် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အခုလိုတိုက်ပွဲများ ဖြစ်ပွားလာရခြင်းအတွက် များစွာ စိတ်မကောင်းဖြစ်ရပြီး ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများအတွက်လည်း အထူးပင်ဝမ်းနည်း ကြေကွဲရတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာပဲ ရှမ်းပြည်မြောက်ပိုင်းတိုက်ခိုက်မှုမှာပါဝင်တဲ့ ကေအိုင်အိုအဖွဲ့က ရှမ်းပြည် မြောက်ပိုင်းဒေသမှာ နိုဝင်ဘာ ၂၀ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများဟာ ကန့်သတ်စစ်သာဖြစ်ပြီး  အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆို ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရတော့ နိုဝင်ဘာ ၂၃ ရက်အထိ မူဆယ်၊ နမ့်စန်၊ ကွတ်ခိုင်၊ နမ္မတူမြိုများမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013