DVB Logo
Home
မြန်မာသတင်း
ဆင်းရဲသားပြည်သူများကို နှစ်သစ်လက်ဆောင်အဖြစ် ထိုင်းအစိုးရက ဘတ် ၃၀၀၀ စီပေးမည်
DVB
·
November 23, 2016
ဆင်းရဲသားပြည်သူများကို နှစ်သစ်လက်ဆောင်အဖြစ် ထိုင်းအစိုးရက ဘတ် ၃၀၀၀ စီပေးမည်
Donate to DVB

ထိုင်းနိုင်ငံက ၀င်ငွေနည်းတဲ့ ဆင်းရဲနွမ်းပါး ပြည်သူတွေအတွက် တဦးကို ဘတ် ၁၅၀၀ မှ ၃၀၀၀ အထိ နှစ်သစ်ကူးလက်ဆောင်အနေနဲ့  ထိုင်းအစိုးရက ဝေပေးမယ်လို့ မတီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အစိုးရက နွမ်းပါးသူတွေကို အကူအညီပေးဖို့ လာရောက်မှတ်ပုံတင်စေခဲ့တာမှာ လက်ရှိလူပေါင်း ၈ သန်း လာရောက်မှတ်တင်ထားကြပြီး ဒီအထဲမှာ တောင်သူလယ်သမားတွေလည်း ပါဝင်ပါတယ်။

မှတ်ပုံတင်ထားသူတွေထဲက တနှစ်ဝင်ငွေ ဘတ် ၃ သောင်းမပြည့်တဲ့ ပြည်သူကို ဘတ် ၃၀၀၀ စီ၊ တနှစ်ဝင်ငွေ ဘတ် ၃ သောင်းကျော်မှ ၁ သိန်းထိသာ ၀င်ငွေရတဲ့ ပြည်သူကို ဘတ် ၁၅၀၀ စီ ဝေပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက မနေ့က ၀န်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါဟာ စီးပွားရေးကျပ်တည်းတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးတဲ့ အစီအစဉ်ဖြစ်ပြီး နောက်နောင်လည်း မီးရထား၊ ဘတ်စ်ကား အခမဲ့စီးနိုင်တဲ့ လက်မှတ်တွေပါ ဝေပေးဖို့ အစီအစဉ်ရှိတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ဝင်ငွေနည်းသူတွေကို ထောက်ပံ့ငွေစုစုပေါင်းမှာ ဘတ်သန်းပေါင်း ၁၂၇၅၀  သန်းလောက်ရှိမယ်လို့ ခန့်မှန်းပြီး အဲဒီထောက်ပံ့ငွေတွေကို ၂၀၁၆ ဒီဇင်ဘာလ ၁ ရက်မှ ၃၀ ရက်နေ့တွေအတွင်း စိုက်ပျိုးရေး/သမ၀ါယမဘဏ်၊ စီဘီဘဏ်နဲ့ ကရုန်းထိုင်းဘဏ်တွေမှာ ထုတ်ယူနိုင်ပြီး ဘဏ်စာအုပ်မရှိသူတွေကတော့ မိမိဆင်းရဲသားမှတ်ပုံတင်ခဲ့တဲ့ ဌာနတွေမှာ သွားထုတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြေခံအလုပ်သမားတွေအတွက် နေ့တွက် တနေ့ ၅ ဘတ်မှ ၁၀ ဘတ်ထိ ၆၉ ခရိုင်လုံးမှာ တိုးမြှင့်ပေးဖို့ ထိုင်းဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်းလည်း ၀န်ကြီးချုပ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဆင်းရဲသားပြည်သူများကို နှစ်သစ်လက်ဆောင်အဖြစ် ထိုင်းအစိုးရက ဘတ် ၃၀၀၀ စီပေးမည်