တပ်မတော် F-7 တိုက်လေယာဉ် စက်နှိုးစဉ် မီးလောင်
DVB
·
November 23, 2016

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာ ဒီနေ့မနက်ပိုင်းက တပ်မတော်လေယာဉ်တစီး အင်ဂျင်စက်နှိုးစမ်းသပ်စဉ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
ဒီနေ့မနက် ၉ နာရီ မိနစ် ၄၀ မှာ F-7 လေယာဉ်တစီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မနက် ၉ နာရီ ၅၅ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလေယာဉ်ကို ပြင်ဆင်ဖို့ မြေပြင်မှာ ရပ်နားထားပြီး စက်နှိုးစမ်းသပ်စဉ် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနဲ့ မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။