DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ရဲမှူးကိုရိုက်နှက်ပြီး သေနတ်လုယူခဲ့သူ အပါအ၀င် လူ ၂ ဦးကို ဖမ်းဆီး
DVB
·
November 23, 2016
မိုးညှင်းတွင် ရဲမှူးကိုရိုက်နှက်ပြီး သေနတ်လုယူခဲ့သူ အပါအ၀င် လူ ၂ ဦးကို ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာမှာ နိုဝင်ဘာ ၂၁ ရက် ည ၁၀ နာရီကျော်လောက်က တရားခံပြေးတဦး အပါအ၀င် လူ ၂ ဦးကို သေနတ်တလက်နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

မိုးညှင်းခရိုင်သတင်းတပ်ဖွဲ့ ဒု-တပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးတင်အောင်ဇော်နဲ့အဖွဲ့၊ လုံးတုံအခြေပြု ခလရ ၄၂၃ မှ ဗိုလ်မှူးနေလင်းအောင် ဦးစီးတပ်စိတ်၊ လုံးတုံရဲစခန်းမှ ဒု-ရဲအုပ် ခင်မောင်ကြည်နဲ့ ပူးပေါင်းအဖွဲ့ဟာ နန့်မွန်းကျေးရွာနေ တရားခံပြေး သားငယ် (ခေါ်) လင်းနိုင် (၂၁ နှစ်)ကို နန့်မွန်းနဲ့ မိုင်းနောင်ရွာကြား ကားလမ်းအနီး လယ်တဲမှာ ပုန်းအောင်းနေကြောင်း သတင်းအရ သွားရောက်စီးနင်း ဖမ်းဆီးရမိခဲ့တာပါ။

တရားခံပြေး သားငယ်ကို စစ်မေးရာ စက်တင်ဘာ ၁၉ ရက်နေ့က မိုင်းနောင်ရွာမှာ တရားခံပြေးလာရောက်ဖမ်းဆီးတဲ့ ရဲမှူးအောင်နိုင်ဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး အနီးမှာ တွေ့ရှိတဲ့ သေနတ်ကိုယူဆောင်ကာ အခုလယ်တဲမှာ ဖွက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီ့နောက် ၃ ရက်ခန့်အကြာမှာ တရွာတည်းနေ နိုင်ဦးထံ သေနတ်နဲ့ကျည်ဆံတွေကို ဘိန်းဖြူ ပင်နယ်ဆလင်ပုလင်းတ၀က်နဲ့ လဲလှယ်ခဲ့တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် နိုင်ဦး ခြံဝင်းအတွင်း မြေမြှုပ်ထားတဲ့ ခြောက်လုံးပူးသေနတ်တလက်နဲ့ ကျည် ၁၈ တောင့်တို့ကို ပြန်လည်သိမ်းယူခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ သားငယ် (ခေါ်) လင်းအောင်နဲ့ နိုင်ဦးတို့ ၂ ဦးကို မိုးညှင်းရဲစခန်းက လက်နက်ပုဒ်မ၊ မူးယစ်ပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မ၊ တရားခံပြေးနဲ့ဆိုင်တဲ့ ပုဒ်မတွေနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013